Ch-5

1.4K 54 4
                                    

လွှမ်း၏ မန်နေဂျာဖြစ်သူဟာ သူမှာထားသည့် အတိုင်းပင် နေ့လည် ၁၂ နာရီ ဒေါင်ဆိုတာနှင့် သူ့အား အသင့်စောင့်နေကာ သူဖုန်းဆက်လိုက်တာနှင့် သူ့ ကွန်ဒိုမှာ လာခေါ်လေတော့သည်။ ထို့နောက် သူလည်း Van ပေါ် ရောက်တာနှင့် ဒီနေ့ ဖတ်ကြမည့် script ကို ဖတ်နေလိုက်လေသည်။ သူဟာ ဝတ္ထုမူရင်းကို ရောင်းလိုက်တယ် ဆိုပေမယ့် script အထိတော့ လိုက်ရေးပေး မနေတော့ပေ။ အလကား ခေါင်းဆောင်မင်းသမီး‌၊မင်းသားတွေနဲ့ second lead တွေ screen time လုဖို့ သူ့အနားလာကြမှာကို စိတ်ကုန်လွန်းသောကြောင့် ဖြစ်ပေသည်။

ထို့နောက် ယနေ့ ဇာတ်ညွှန်းဖတ်ပွဲကျင်းပကြမည့် ရုပ်သံလိုင်း၏ အဆောက်အအုံဆီရောက်တော့ သူနှင့် သူ မန်နေဂျာ နှစ်ယောက်ထဲ အဆောက်အအုံထဲ ဝင်ခဲ့လိုက်လေသည်။ ထို့နောက် ဓာတ်လှေကား ပွင့်လာသည့်အခါ သူတို့လည်း ဝင်သွားလိုက်လေတော့သည်။

*ခဏ!  စောင့်ပါဦး !*

ခပ်လှမ်းလှမ်းကနေ ခပ်သေးသေးပုပုကောင်မလေး တစ်ယောက်ဟာ ပုခုံးမှာလည်း ဖောင်းကားနေတဲ့ အိတ်ကြီးကို လွယ်ထားကာ လက်ကလည်း ပန်ကာအသေးလေးကို ကိုင်ရင်း ပြေးလွှားလာသည်ကို မြင်သည့်အခါ လွှမ်း April အား မျက်စပစ်ပြလိုက်လေသည်။ ထိုအခါ April က ဓာတ်လှေကားကို ခဏ hold ထားပေးလေသည်။

*ကျေး...ကျေးဇူးပါ! ဟူး!*

ထိုကောင်မလေးဟာ ဓာတ်လှေကား ရှေ့ရောက်မှသာ သက်ပျင်းမောကြီးချကာ အမောဖြေနိုင်တဲ့ ပုံပင်။ သူတို့အား ခေါင်းငုံ့ကာ အရိုအသေပေးကာ ကျေးဇူးတင်စကား ပြောလာလေသည်။ သို့သော် ခုဏက ပြေးလာသည့် ကောင်မလေး၏ နောက်ကနေ တစ်လှမ်းခြင်းဆီ  အေးဆေး လျှောက်လာသည့် ကောင်မလေးတစ်ယောက်ကြောင့် လွှမ်း သူ၏ မျက်ခုံးများကို ပင့်လိုက်မိသည်။

Croptop အနီရဲရဲကို အောက်က ချက်ပေါ် ဂျင်းဘောင်းဘီနှင့် တွဲဝတ်ကာ နေကာ မျက်မှန်လေးထောင့်ကို တပ်ကာ သူ့အား အဝေးကနေ မျက်စပစ်ပြလာသည့် သူမကြောင့် လွှမ်း အခုမှ သဘောပေါက်သွားလေတော့သည်။

သူမ၏ နာမည်ကိုတော့ သူမမှတ်မိတော့ပေမယ့် အတော်အသင့် နာမည်ရှိသည့် မင်းသမီးဖြစ်သည်ဆိုတာကိုတော့ သူ ခပ်ရေးရေး မှတ်မိပါသည်။ ထို့အပြင် ဒီ ဝတ္ထု၏ ကုန်ကြမ်းတစ်ယောက်ဆိုလည်း မမှားပေ။

Chilli PepperWhere stories live. Discover now