Ch-3

4.4K 180 27
                                    

လွှမ်း သူ၏ ခပ်လှမ်းလှမ်းမှာ ဒူးထောက်ချလိုက်သည့် Ben ကို လှမ်းမြင်လိုက်ရသော်လည်း တစ်စွန်းတစ်စသာဖြစ်သည်။ ဦးခေါင်းနှင့် ခြေဖျားကိုသာ အားပြုကာ plank ထောက်နေရသည့် အနေအထားဟာ ဘေးပတ်ဝန်းကျင်ကို လိုက် စပ်စုနိုင်သည်အထိ မလွယ်ကူပေ။ ထို့အပြင် လက်နှစ်ဖက်ကိုပါ ကျောနောက်ပစ်ကာ ဆုပ်ကိုင်ထားရသည်မို့ အချိန်ကြာလာသည်နှင့်အမျှ ဦးခေါင်းလည်း ကြိမ်းလာသလို တစ်ဆက်ဆက်တုန်ရီနေသည့် ခန္ဓာကိုယ်ဟာ ဘယ်လောက်အချိန်အထိ ဆက် ထိန်းထားနိုင်မလဲဆိုတာ သူလည်း မသိပေ။

သူ ဒီနေ့ Ben မရောက်ခင် နာရီဝက်ကြို၍ ကွန်ဒိုသို့ ရောက်လေသည်။ သို့သော် ကိုစေဟာ ပြန်မလာသေးတာမို့ သူ အခန်းရှေ့မှာပဲ ရပ်ကာ ဆယ့်ငါးမိနစ်ခန့် စောင့်နေရလေသည်။ ထို့နောက် ကိုစေ ရောက်သည့်အခါ သူ့အား အပိုစကားမပြောပဲ ကိုယ့်အပြစ်ကိုယ် သုံးသပ်နေဟုဆိုကာ ဤ position အတိုင်း plank ထောက်ခိုင်းထားသည်မှာ ဆယ့်ငါးမိနစ်လောက်ပင် ရှိပေတော့မည်။

ဤကဲ့သို့ အနေအထားမျိုးဟာ ရုပ်ရှင်တွေထဲမှာဆို စစ်သားတွေအား အပြစ်ပေးတဲ့ နေရာမှာ သုံးလေ့ရှိသည်ကို သူတွေ့ဖူးသော်လည်း ဒီလောက်အထိ ဒုက္ခများမည်မှန်း သူမထင်ခဲ့မိပေ။ ကြိမ်းသေပေါက် gym ပုံမှန်ဆော့တာမို့ ကျစ်လစ်ကာ ဗလအနည်းငယ် ရှိသော်လည်း  သူဟာ စစ်သားလည်း မဟုတ်သလို အလုပ်ကြမ်း လုပ်ဖူးသူလည်း မဟုတ်ပေ။ အမြဲ သွယ်လျတဲ့ လက်ချောင်းလေးတွေကို ဖောင်တိန်နဲ့ စာရိုက်တဲ့ အခါမှာသာ အသုံးပြုခဲ့တဲ့ သူ့အတွက် သုံးမိနစ်တစ်ခါလောက်က ပြန်ပြန် လဲကျစမြဲသာ ။

ဖြူစွတ်နေသည့် သူ၏ အသားအရည်ကြောင့် အားစိုက်ရသည့်အခါ လည်ပင်းနှင့် မျက်နှာတစ်ဝိုက်ဟာ နီရဲနေမှာ သေချာပေသည်။ ထို့အပြင် သူ၏ ခေါင်းတစ်ခုလုံးလည်း ကြိမ်းစပ်နေပြီ ဖြစ်ပေသည်။  သို့သော် ကိုစေက သူ့၏ အခက်တွေ့နေပုံအား ကောင်း၏ ဆိုး၏ မပြော၊ ထိုအတိုင်း ကော်ဖီတစ်ခွက်ကို ဇိမ်ခံသောက်ကာ သူ့အား တစ်စိမ့်စိမ့် ထိုင်ကြည့်နေသည်မှာ Ben လာသည်အထိပင်။ 

*ဟက်! ဝန်ခံတာ စေလှချည်လား*

ကိုကို့ဆီမှ ခနဲ့သံကြောင့် Ben လွှမ်းကို ကြည့်နေရာကနေ မျက်လွှာချလိုက်မိသည်။ လွှမ်း၏ တစ်ဆတ်ဆတ်တုန်ရီနေသည့် ပုံစံဟာ သူ့မျက်စိထဲမှ မထွက်ပေ။ သူကိုယ်တိုင်လည်း လွှမ်းထက် ပိုဆိုးမှာ သိပေမယ့် ဟိုက သူ့ကို ဖွက်ထားပေးလို့ အပြစ်ပေးခံထားရတာ မဟုတ်ပါလား?

Chilli Pepper Where stories live. Discover now