Crumb 1

1.6K 155 6
                                    

Crumb 1

" ယန်းဂျောင်ဝန်းရှီ... မြန်မြန်ဆေးကြောပြီး အထဲကထွက်ပေးပါနော် "

အဆောင်တွင် ညနေတိုင်းလိုလိုကြားနေကျဖြစ်တဲ့ ဆောနူရဲ့ အသံစာစာက ရေချိုးခန်းရှေ့မှထွက်ပေါ်လာသည်။ အထဲတွင်မူ ရေကျသံများက ဆူညံနေဆဲဖြစ်ကာ တရားခံကတော့ ရေချိုးချိန်အကြာဆုံးဟု သတ်မှတ်ခံထားရသော ဂျောင်ဝန်းပင်ဖြစ်၏။

" သူဘာလို့ ရေတစ်ခါချိူးတိုင်းအဲ့လောက်ကြာနေရတာလဲ "

ဆောနူက စိတ်မရှည်စွာ ရေချိုးခန်းတံခါးကိုမှီရင်း ညည်းညူတော့ ရှေ့မှဖြတ်သွားသော ဆောင်ဟွန်းက ပြုံးစိစိနှင့် မီးပုံထဲလောင်စာထည့်သွားသေးသည်။

" ဒီလိုမျိုး စောင့်မနေချင်ရင် ဘယ်သူမှမချိုးခင် စောစောလေးအရင်ချိုးထားနှင့်ပါလား ဂိမ်းဆော့မနေဘဲနဲ့ "

ဆောင်ဟွန်း hyung ရဲ့ မထိတထိ အစအနောက်စကားများကို နောကြေနေပြီဖြစ်တဲ့ ဆောနူကတော့ မျက်စောင်းတစ်ခုမှလွဲပြီး ဘာမှခွန်းတုန့်ပြန်မလာ ။ စောင့်ဆိုင်းခြင်းကိုပဲ စိတ်ရှည်လက်ရှည် လုပ်ဆောင်နေလိုက်တော့ မကြာခင် ရေချိုးခန်းတံခါးပွင့်လာတော့၏။

" aghh... နောက်ဆုံးတော့ "

ဆောနူ မျက်လုံးကိုအထက်သို့လှန်ပစ်ကာ ရေချိုးခန်းထဲသို့ဝင်သွားပြီးသည့်နောက်တွင်တော့ ရေစက်လက်နှင့်ခေါင်းကို ပုဝါတစ်ထည်ဖြင့်သုတ်ရင်း ဂျောင်ဝန်းထွက်လာလေသည်။

ယနေ့က အလုပ်အားရက်ဖြစ်၍ ရေချိုးပြီးသည့်အချိန်တွင် ဘာမှကတိုက်ကရိုက်နှင့် ပြင်ဆင်စရာမျိုးရှိမနေဘဲ အားလပ်နေလေ၏။ ထို့ကြောင့် member များထဲတွင်လည်း ဂိမ်းဆော့သည့်သူကဆော့ ဖုန်းကြည့်သည့်သူကကြည့် လုပ်နေကြလေသည်။

Jake hyung နှင့် ဆောင်ဟွန်း hyung က ဧည့်ခန်းထဲရှိ ဆိုဖာပေါ်မှာ ဂိမ်းတိုက်နေကြတာမို့ မမြင်မိသေးသောတစ်စုံတစ်ယောက်ကို ဂျောင်ဝန်း မီးဖိုခန်းထဲ လည်ဆန့်ကြည့်ရင်း ရှာဖွေမိ၏။
မတွေ့ပါ။

" Jake hyung ! Jay hyung ရော ? "

" အခန်းထဲမှာလေ "

" အိပ်နေတာလား "

Stars in Garden ( Crumbs collection )Where stories live. Discover now