Crumb 5

1.1K 115 6
                                    

Crumb 5

" အားလုံးပဲ ပင်ပန်းသွားကြပါပြီ "

"" ပင်ပန်းသွားကြပါပြီ !! ""

PD nim ရဲ့ စကားသံကိုအားလုံး တညီတညွတ်တုန့်ပြန်လိုက်ပြီးနောက်တွင်တော့ member တွေအားလုံး ကိုယ်လက်အကြောများဆန့်၍ အလုပ်ဆင်းရန်ပြင်လိုက်ကြတော့၏။

အချိန်တွေ ငွေတွေ အာရုံစူးစိုက်မှုတွေပေးပြီး ပြင်ဆင်ခဲ့ရတဲ့ Dark Blood Album က အပြီးသတ်သွားခဲ့လေပြီ။ ထို့ကြောင့် ယနေ့မှစပြီး တစ်ပတ်ခန့်တော့ သူတို့စိတ်အေးလက်အေး အနားယူနိုင်ကြမည်ဖြစ်၏။

အဆောင်သို့ပြန်ပို့ရန် Staff များ သိမ်းဆည်းပြင်ဆင်နေသည်ကို နားနားနေနေထိုင်စောင့်နေရင်း member များထဲ အကြီးဆုံးဖြစ်သော ဟီဆွန်းက သူအကြံဥာဏ်ကိုထုတ်ပြောရန် မရိုးမရွဖြစ်လာရသည်။

member အားလုံးနီးပါးက SNS သုံးလျှင်သုံး မသုံးလျှင် ဂိမ်းဆော့နေကြတာမို့ ဘေးချင်းကပ်လျှက်မှ Jake ကိုအရင် တံတောင်နှင့်အသာလှမ်းတို့လိုက်၏။

Jake က ဖုန်း screen မှအကြည့်လွှဲကာ သူ့ကိုအာရုံစိုက်ပေးလာတာမို့ Jake ဘေးမှ ဆောင်ဟွန်းကိုပါ တစ်ခါတည်း လက်လှမ်းတို့၍ နားထောင်စေလိုက်သည်။

" ဒီည အဆောင်ပြန်ရောက်ရင်လေ..
အားလုံးစုပြီး နည်းနည်းပါးပါးလောက် "

ဟီဆွန်းက ကလေးဆန်သော မျက်လုံးဝိုင်းကြီးများနှင့် မလိုက်ဖက်စွာ လက်ကတစ်စုံတစ်ခုကိုမော့သောက်သည့်ဟန်လုပ်ပြလိုက်၏။ ထိုအခါ ဘယ်အရာကိုဆိုလိုမှန်း Jake ရော ဆောင်ဟွန်းရော သဘောပေါက်သွားရလေသည်။

" Ayyy... hyung ကလည်း "

Jake က ဟီဆွန်းလက်မောင်းကို တံတောင်ဆစ်နှင့်တွန်းရင်း ရယ်ပါသော်လည်း အငြင်းစကားတော့မဆို။ ဆောင်ဟွန်းကလည်း သွားစွယ်ချွန်များပေါ်အောင်ထိ မျက်လုံးများကို မှေးမှိတ်၍သာ ရယ်နေလေသည်။

" ဘယ်လိုလဲ "

Jake က ချက်ချင်းသူ့ဘက်မပါလာတဲ့အခါ ဟီဆွန်းက ဆောင်ဟွန်းကိုပစ်မှတ်ပြောင်း၍ မျက်ခုံးများပင့်ကာမေး၏။ ဆောင်ဟွန်းက ရယ်သာရယ်နေရင်း သူ့ဟာနှင့်သူအလုပ်ရှုပ်နေသော manager nim ကို အကြည့်နှင့်ညွှန်ပြလေသည်။

Stars in Garden ( Crumbs collection )Where stories live. Discover now