Crumb 4

1.2K 130 25
                                    

Crumb 4

Schedule ကြောင့် တစ်နေကုန်အတူရှိနေရသောအချိန်များ ဒါမှမဟုတ် အဆောင်တွင်အတူရှိနေသောအချိန်များမှလွဲလျှင်
တစ်နေ့တွင် ဂျောင်ဝန်း Jay အား အနည်းဆုံး 3 ခါတော့ ဖုန်းဆက်လေ့ရှိသည်။

တစ်ခါတရံကျတော့လည်း လိုရင်းတိုရှင်း ဘယ်သွားလဲ ဘာစားလဲမေးပြီး ဖုန်းပြောချိန်က 3 မိနစ်တောင်မကြာတတ်ပေမယ့် တစ်ခါတလေကျတော့လည်း ရောက်တတ်ရာရာပြောရင်း မိနစ် 30 လောက်ကြာသွားသည်မျိုးရှိ၏။

ဂျောင်ဝန်းတွင် Jay အားဖုန်းဆက်ရန် အထူးတလည်အကြောင်းပြချက်များမရှိပါ။ တစ်ခါတရံကျတော့လည်းပျင်းလို့ တစ်ခါတရံကျတော့လည်း ထမင်းစားနေရင်း တစ်ခါတရံကျတော့လည်း Tablet နဲ့ဇာတ်ကားကြည့်နေရင်းမှပင် Jay ကိုဖုန်းခေါ်ထားတတ်၏။

ယနေ့လည်း ကလေးသာသာ Super Mario နှင့်အသွင်တူ ခုန်ပျံပြေးလွှားရသည့်ဂိမ်းလေးကိုဆော့ရင်း level တစ်ခုအရောက်တွင် ရှုံးနိမ့်သွားတော့ Jay hyung ကိုဖုန်းဆက်ရဦးမှာပဲဟု ဂျောင်ဝန်းတွေးမိသည်။

ယနေ့ သူကတော့ အဆောင်တွင်သာရှိနေပေမယ့် Jay hyung ကတော့ နီခီနဲ့အတူ bowling ဆော့ရန် လိုက်သွားပေးရ၏။

ဂျောင်ဝန်း ဖုန်းစခေါ်တော့ ကြာကြာပင်မစောင့်လိုက်ရပါ။ Jay hyung ကဖုန်းကိုင်လာသည်။

" ဟယ်လို... Jay hyung "

သူခေါ်လိုက်တော့ Jay hyung က အွန်း ဟု ပြန်လည်ထူးသံလေးနှင့် တုန့်ပြန်လာ၏။

" အခုဖုန်းပြောလို့ရလား နီခီဘာလုပ်နေလဲ "

" သူအခု သူ့အလှည့် bowling ပစ်နေတယ်
ငါဘေးကနေ ထိုင်စောင့်နေပေးတာ "

Jay hyung နှင့်ဖုန်းပြောသည်နှင့် ဂျောင်ဝန်းလုပ်ဖြစ်သည်မှာ မေးခွန်းများတစ်ခုပြီးတစ်ခုမေးခြင်းပင်။ သူသည် စပ်စုတတ်သော သတင်းထောက်ပေါက်စလေးနှင့်အသွင်တူကာ Jay အားအမြဲထောက်လှမ်း၏။

Jay ကထိုအရာကို သတိပဲမထားမိသည်လား သို့မဟုတ် ဂျောင်ဝန်းအတွက် သည်းခံနိုင်မှု level ကမြင့်လွန်းသည်လား မသိရပေမယ့် အမြဲလိုလိုစိတ်ရှည်လက်ရှည်နှင့် အေးအေးဆေးဆေး ပြန်ဖြေပေးတတ်သည်။

Stars in Garden ( Crumbs collection )Where stories live. Discover now