Crumb 10

1K 116 11
                                    

" ကျွန်တော် ပုံမှန်အတိုင်း ဂျောင်ဝန်းနီနဲ့ တစ်ခန်းယူလိုက်ပါ့မယ်"

Jay က manager hyung ထံမှ အခန်းသော့ကို တောင်းဆိုခြင်းမဟုတ်သော အသိပေးစကားနှင့်အတူ လှမ်းယူလိုက်တော့ ကန့်ကွက်မည့်သူက အသင့်ရှိနေခဲ့၏။

" yah.. ဒီနေ့တစ်နေ့တော့ မင်းဆောနူနဲ့ပဲဖြစ်ဖြစ် ဆောင်ဟွန်းနဲ့ပဲဖြစ်ဖြစ် အတူတူနေလိုက်ကွာ... ငါဂျောင်ဝန်းနီနဲ့နေမလို့ကြိုပြောထားပြီးပြီ "

booking ယူထားသော မျက်နှာချင်းဆိုင် အခန်းငါးခန်းရှေ့တွင် အထုတ်အပိုးများနှင့်တကွ staff team အခန်းခွဲပေးတာကို စောင့်နေရင်း Jake က အထွန့်တက်လာသည်။

Jay မိမိနောက်ဘက်ကို လှည့်ကြည့်လိုက်တော့ Jake က ဂျောင်ဝန်းပုခုံးပေါ်၌ မေးတင်၍ ပျင်းရိပျင်းတွဲ့နှင့် ဂျောင်ဝန်းကို သိုင်းဖက်ထားလျှက်ရှိနေပြီး ဂျောင်ဝန်းကမူ မထုံတတ်တေးမျက်နှာပေးနှင့် မသိချင်ယောင်ဆောင်နေ၏။

ဘယ်သူနဲ့အတူနေမလဲဆိုတာကို ဂျောင်ဝန်းပါးစပ်က ထုတ်ဖော်မပြောလာပေမယ့် Jay အထင်တော့ Jake ဘက်ကို 80% လောက်ပါနေသည့်အနေအထားပင်။

" ပုံမှန်အတိုင်းပဲနေမယ်
ဒါဂျောင်ဝန်းအိတ်မလား "

Jay က အသာတကြည်လေးတောင် ညှိနှိုင်းမခံဘဲ သူ့ အိတ်ကိုရော ဂျောင်ဝန်းအိတ်ကိုရော တစ်ပြိုင်တည်းအခန်းထဲသို့ ဆွဲယူသွားသောအခါ manager hyung ပင်မက Jake ပါ အနည်းငယ်ပါးစပ်အဟောင်းသားလေးနှင့် ကျန်ခဲ့ရသည်။

" သူဘာဖြစ်နေတာလဲ "

Jake က ကြောင်တောင်တောင်နှင့်မေးရင်း ဂျောင်ဝန်းကိုတစ်လှည့် အခြား member များကိုတစ်လှည့်ကြည့်နေပေမယ့် အားလုံးလည်း အဖြေမရှိသည့်ပုံပင်။

ဂျောင်ဝန်းကတော့ မျက်တောင်လေးကို နှစ်ချက်ခတ်ရင်း တုန့်ဆိုင်းနေတုန်းမှာပင် အထဲတွင်အိတ်ဝင်ထားပြီးသော Jay က တံခါးလက်ကိုင်ကို ဆွဲဖွင့်ထားရင်း ခေါ်လာလေသည်။

" ဂျောင်ဝန်း အထဲကိုဝင်ခဲ့ "

Jake အထင် ဂျောင်ဝန်းသည်လည်း ဘယ်လိုမှမတတ်သာသည့်ပုံစံလေးနှင့် ဝင်သွားသကဲ့သို့ခံစားနေရ၏။ ပုံမှန်ဆို ဤကလေးက သူလုပ်ချင်ရင်လုပ်ချင်သည် မလုပ်ချင်ရင်မလုပ်ချင်ဘူး ဘာကိုမှအကြောက်အလန့်မရှိ ပြောတတ်သောကလေးဖြစ်သောကြောင့် ပိုပြီးထူးဆန်းနေလေသည်။

Stars in Garden ( Crumbs collection )Where stories live. Discover now