Crumb 12

1.1K 115 14
                                    

Crumb 12

အမြဲ schedule တွေ ဖျော်ဖြေပွဲတွေကြောင့်ပဲ ရောက်ဖြစ်နေပေမယ့် ဂျပန်မြေက သူတို့အတွက် ပျော်စရာအကောင်းဆုံးထဲမှတစ်ခုပင်။

နီခီရဲ့ မွေးရပ်မြေဖြစ်တာကြောင့်မို့လည်း ပိုသက်တောင့်သက်သာရှိသလို ခံစားရခြင်းဖြစ်မည်ထင်၏။ လည်စရာ ပတ်စရာတွေလည်းများတာမို့ ဂျပန်သို့ရောက်လျှင် schedule တွေကြားထဲမှ အားလပ်ရက်တစ်ရက်လောက်တော့ ရအောင်ဖယ်ပြီး လည်ပတ်လေ့ရှိကြသေးသည်။

ယခုတစ်ခေါက်အတွက် ထိုလည်ပတ်ရမည့်နေ့က မနက်ဖြန်ပင်။

ထို့ကြောင့် ဂျောင်၀န်းက ညဘက်ကတည်းကပင် စိတ်လှုပ်ရှားလျှက် ဘယ်နေရာတွေက လည်ပတ်ဖို့ကောင်းသလဲဆိုတာကို Internet ပေါ်မှတစ်ဆင့်ရှာဖွေရင်း အလုပ်ရှုပ်နေ၏။

Jay ရေမိုးချိုးပြီး၍ စိုထိုင်းနေသောခေါင်းကို တဘက်တစ်ထည်နှင့်သုတ်ရင်း ထွက်လာသည့်အချိန်တွင် ဂျောင်၀န်းကတော့ ကုတင်ထက်တွင်လှဲမှီရင်း ဖုန်းကိုသာ ပြုံးစိစိနှင့် နှိပ်နေသည်အားတွေ့လိုက်ရသည်။

သေချာပေါက် weverse ပေါ်တွင် fan တွေနှင့် ဆက်သွယ်နေခြင်းပင်ဖြစ်မည်ဟု Jay ကောက်ချက်ချလိုက်၏။

" weverse သုံးနေတာလား "

" အွန်း "

ဂျောင်၀န်းက ဖုန်းမှအကြည့်မလွဲဘဲ အရယ်တစ်၀က်နှင့်ပြန်ဖြေလာသည်။ အတော် အူမြူးနေသည့်ပုံမျိုးပင်။

Jay ဆံပင်စိုစိုတွေကို dryer မှုတ်ရန်လုပ်ဆောင်နေရင်း အပြုံးတစ်ခုနှင့် မထိတထိလှမ်းနောက်လိုက်၏။

" အဓိပ္ပာယ်နှစ်ခွထွက်တဲ့ ထူးထူးဆန်းဆန်း reply တွေ သွားရေးမနေနဲ့ဦးနော် "

ထိုအခါ သူ့ကို ပြုံးရယ်လက်စနှင့်မော့ကြည့်လာသူက မျက်တောင်လေးတွေကို တဖြတ်ဖြတ်ခတ်ရင်း လူလည်ဟန်လေးလုပ်၍ မေးလာလေသည်။

" hyung ဘယ်လိုလုပ်သိတာလဲ "

ကြည့်ရသလောက် Jay ပြောတာတောင် နောက်ကျသွားနှင့်ပြီထင်၏။

Jay နှင့်ပတ်သတ်သည့် post တွေဆို ဂျောင်၀န်းက fan တွေကို တမင်ကလိကလိဖြစ်အောင် အဓိပ္ပာယ်နှစ်ခွထွက်သည့် reply တွေနှင့် သွားစနောက်တတ်ကြောင်းကို Jay ကိုယ်တိုင်လည်းအသိပေ။

Stars in Garden ( Crumbs collection )Where stories live. Discover now