Crumb 17

735 107 6
                                    


" ဟုတ်ကဲ့.. အားလုံးပဲ မင်္ဂလာပါ
ဂျေးအီရဲ့ Birthday live ကနေကြိုဆိုလိုက်ပါတယ် "

ထုံးစံအတိုင်း staff team ပြင်ဆင်ပေးထားသည့် mini decoration များနှင့် birthday party အသေးစားလေးတွင် Jay weverse live လုပ်ရန်အချိန်ကို ရောက်ခဲ့ပြီဖြစ်၏။

ယခုနှစ်က Korean age နှင့်ဆိုလျှင် သူအသက် 23 နှစ် ပြည့်သောနှစ်ဖြစ်ရာ အချိန်များက တစ်နှစ်ထက် တစ်နှစ်ပိုအကုန်မြန်သကဲ့သို့ ခံစားလာရသည်။ 

Debut လုပ်ခဲ့သည့်နှစ်မှစ၍ လက်ချိုးရေတွက်လျှင်လည်း လက်တစ်ဖက်ပြည့်လောက်တော့မည့် သက်တမ်းရှိခဲ့ပြီဖြစ်ရာ Jay အနေနှင့် အရာရာ၏ တည်ငြိမ်မှုကို ပို၍ ခံစားမိလာရ၏။

ပို၍လည်း သက်တောင့်သက်သာဖြစ်လာသည်။

အချိန်များက သူ့ဟာနှင့်သူ ကောင်းကောင်းလည်ပတ်နေသည်ပင်။

_______________

Weverse တွင် Birthday live စလုပ်တော့ ထုံးစံအတိုင်း fan တွေနှင့် စကားပြောကာ ခေါင်းစဥ်အသေးလေးများကို ဖြေကြားပေး၍ cake လှီးရ၏။

ထို့နောက် member တစ်ယောက်ချင်းစီ၏ Birthday ဆုတောင်းကတ်လေးများကို ခန့်မှန်းရသည်။

" - ငါတို့ရဲ့ ချစ်စရာကောင်းပြီး မိုက်လည်းမိုက်တဲ့ Jay hyungie .. မွေးနေ့ကိုဂုဏ်ပြုပါတယ်
ရှေ့လျှောက်လည်း enhypen ရဲ့ ချစ်စရာကိုယ်စားပြု member တစ်ယောက်အနေနဲ့ သေချာလေးတောင်းဆိုပါတယ်နော် ..ချစ်ပါတယ်ဗျ..

Happy Birthday မိုက်တဲ့ jjeong -

ဒါက သေချာပေါက် ဂျောင်ဝန်းနီ ...
ဒီလိုချစ်စရာကိုယ်စားပြုဆိုတာမျိုး သူကလွဲပြီး ကျွန်တော့်ကို ဘယ်သူမှပြောရဲမှာမဟုတ်ဘူး "

Jay ဆုတောင်းကတ်လေးအား ဘေးဖက်သို့အသာဖယ်လိုက်ရင်း ခပ်သာသာရယ်၍ပင် ပြောလိုက်၏။

သူ့ခန့်မှန်းမှုက တိကျကြောင်းကိုတော့ သူကိုယ်တိုင် အပါအဝင် အားလုံးလည်း ထပ်တူသိနေခဲ့လေသည်။

_________________________________

Live ကို အဆုံးသတ်ပြီး၍ Jay အလုပ်မှနေ အဆောင်သို့ပြန်ရောက်ချိန်တွင် ည 10 နာရီခွဲခန့်ရှိနေပြီဖြစ်ကာ သူ့မွေးနေ့ရက်ကို ကျော်လွန်ရန်လည်း တစ်နာရီခွဲမျှသာ လိုတော့၏။

Stars in Garden ( Crumbs collection )Where stories live. Discover now