Crumb 21

983 131 11
                                    

Crumb 21

Hotel သို့ ခေါ်ဆောင်ထားသော ဆေးအဖွဲ့၏ လုပ်ရိုးလုပ်စဥ် စစ်ဆေးမှုများအတွင်းတွင် မန်နေဂျာများအပါအဝင် အဖွဲ့ဝင်အားလုံးသည်လည်း ရလဒ်အတွက် စိုးရိမ်တကြီးဖြစ်နေခဲ့ကြ၏။

နာကျင်မှုကြောင့် ရှုံ့မဲ့ကာ ကြိတ်ခံနေသော Jay ၏ မျက်နှာအမူအရာကိုမြင်ရခြင်းက ကျန်သည့်အဖွဲ့ဝင်တွေအတွက်လည်း အဆင်မပြေ။

" ပြောခဲ့သလိုပဲ Jay shi ရဲ့ ဒူးအခြေအနေက တော်တော်ဆိုးဝါးနေတာ..ဒီအခြေအနေနဲ့ ကကွက်တွေ အဲ့လိုဖျော်ဖြေတာတွေမပြောနဲ့ လမ်းသေချာလျှောက်ဖို့တောင်အဆင်ပြေမှာမဟုတ်ဘူး.. ကျွန်တော်တို့ပြောနိုင်တာကတော့ သေချာကုသမှုခံယူပြီးအနားယူဖို့ပါပဲ.. ယူမှဖြစ်မယ် "

ယာယီကုသမှု အားလုံးပြီးဆုံးသွားချိန်တွင် manager nim သည်လည်း သက်ပြင်းချလိုက်ပြီးနောက် စိတ်မကောင်းစွာ Jay ပုခုံးထက်ကို အားပေးဆုပ်ကိုင်၍ ဖျောင့်ဖျစကားဆိုရတော့သည်။

" ဘယ်တတ်နိုင်ပါ့မလဲ.. ခန္ဓာကိုယ်မထိခိုက်ဖို့က အရေးအကြီးဆုံးပဲကို.. ဒီနေ့တွက် ကျန်တဲ့ member 6 ယောက်ကိုပဲ လက်လွှဲပြီး နားနေလိုက်ပါ "

သို့သော် Jay က နာကျင်နေသည့်ကြားမှ ခေါင်းခါပြလာခဲ့လေ၏။

" ဟင့်အင်း.. မျက်နှာလောက်တော့ ပြရမှဖြစ်မယ်.. မဟုတ်ရင် ကျွန်တော့်အတွက်ကြောင့် လာခဲ့တဲ့ engene တွေကို အားနာလွန်းလို့...

ဒီတိုင်း ခုံမှာထိုင်ပြီး ဖျော်ဖြေမှုလုပ်ပါ့မယ် "

အားလုံးသည် တိတ်ဆိတ်ကျသွားခဲ့ရတော့သည်။

ဂျောင်ဝန်းသည် Jay ၏ ဘေးနားတွင် ဝင်ထိုင်လျှက်ရှိပြီး လက်ကောက်ဝတ်တစ်ဖက်ကို မလွှတ်တမ်း ခပ်ဖွဖွ ဆုပ်ကိုင်ထားလျှက်ရှိ၏။

Jay ခံစားချက်ကို နားလည်သည်မို့ အခြား member များသည်လည်း တိတ်ဆိတ်နေရုံသာတတ်နိုင်သည်။

အဆုံးတွင်တော့ ဟီဆွန်းက သက်ပြင်းချရင်း Jay ၏ တောင်းဆိုချက်ကို သဘောတူပေးလာလေ၏။

" အေးပါ.. အဓိကက အကမကရင် ဖြစ်တာပဲကို.. sound check ကိုတော့ ငါတို့အချင်းချင်းပဲ ကြည့်ပြီး ဖျော်ဖြေလိုက်မယ်.. မင်းကသေချာနားပြီး concert ကျမှ ထိုင်ရင်းဖျော်ဖြေလိုက်ပေါ့ "

Stars in Garden ( Crumbs collection )Where stories live. Discover now