Crumb 6

1.1K 120 18
                                    

Crumb 6

ယခုရက်ပိုင်းအတွင်း Enhypen ၏ schedule များ အားလပ်နေသည်မှာ member အစုံပင် အဆောင်၌မရှိနိုင်သည်အထိဖြစ်သည်။ ဟီဆွန်းရော ဆောင်ဟွန်းရော မိဘအိမ်သို့ခဏပြန်သွားသည့်အပြင် Jake ကပါ ဆောင်ဟွန်းအိမ်သို့ အလည်လိုက်သွားသဖြင့် အဆောင်တွင် Jay နှင့် အငယ်လေး 3 ယောက်သာကျန်ခဲ့၏။

ဂျောင်ဝန်းအနေနှင့်တော့ ဆောနူ hyung နှင့်အတူ drama ကြည့်ရန်လည်း စိတ်မပါသလို နီခီနှင့်အတူ ဂိမ်းတိုက်ရန်လည်း ဂိမ်းနှင့်ပတ်သတ်လျှင် ဝါသနာသိပ်မပါ။ ထို့ကြောင့် ထုံးစံအတိုင်း Jay hyung အနားတွင်သာကပ်နေဖြစ်သည်။

သို့ပေမယ့် မနက်ဖြန်တွင်တော့ ဂျောင်ဝန်းလည်း မိဘအိမ်တစ်ညလောက်ပြန်အိပ်ရန် စဥ်းစားထား၏။ အဖွားကိုလွမ်းသလို မာအွန်းမီလေးကိုလည်း သတိရပါသည်။

ယခုလောလောဆယ်တော့ ဂျောင်ဝန်း လုပ်စရာမရှိသည့်အတွက် သီချင်းတညည်းညည်းနှင့် Jay hyung ၏ အခန်းထဲဝင်လာခဲ့ပြီးနောက် ခုတင်ပေါ်မှောက်ခုံမှောက်ကာ ဖုန်းသုံးနေပါသော Jay hyung ၏ ခါးပေါ်တွင် ကန့်လန်ဖြတ်ကာ ကျောမှီ၍ ဝင်လှဲအိပ်ချပစ်လိုက်၏။

Jay အင့်ခနဲ တစ်ချက်အသံထွက်လာပေမယ့် ရယ်ရုံသာရယ်ပြီး ဘာမှမပြော။

" အား.. ပျင်းလိုက်တာ လုပ်စရာလည်းမရှိဘူး "

ဂျောင်ဝန်း မိမိ၏ပျင်းရိမှုကိုဖော်ပြရန် ညည်းညူပြနေပေမယ့် Jay hyung ရဲ့ အာရုံတွေက သူ့ဆီသို့ ရောက်မလာပါ။

ဂျောင်ဝန်း အနည်းငယ်စိတ်ကောက်မိသွားကာ အောက်နှုတ်ခမ်းလေး ဆူမိသွားပြီးသည့်နောက် Jay hyung ကျောပေါ်တွင် လူးလိမ့်ကာ တွားသွား၍ ဘာတွေများဒီလောက်ထိ စိတ်ဝင်တစားကြည့်ရှုနေမှန်းသိရအောင် Jay hyung ပုခုံးပေါ်၌ မေးသွားတင်လိုက်၏။

အရွယ်ရောက်ပြီးသား ကောင်လေးတစ်ယောက် မိမိကျောပေါ်တွင် ကိုယ်ချင်းထပ်အိပ်ကာ ဖုန်းကိုလာစပ်စုနေခြင်းက သေချာပေါက် လေးလံပေမယ့် Jay အတွက်တော့ ကျင့်သားရနေပြီပဲဖြစ်သည်။ ဂျောင်ဝန်းက တစ်ခါတလေ မကျေနပ်လျှင် ကိုယ်ကိုဆောင့်ဆောင့်ချတတ်သေး၏။ Jay တွက်တော့ အပြစ်ယူစရာမဟုတ်။

Stars in Garden ( Crumbs collection )Where stories live. Discover now