Crumb 9

1.1K 119 5
                                    

Comeback နှစ်ခုက ဆက်တိုက်ဖြစ်နေသည့် ကြားရက်များတွင် အခြား activity တွေကလည်း မရပ်မနားပဲမို့ Enhypen အတွက် အတော့်ကိုပင်ပန်းရသော ကာလဖြစ်နေသည်။

ပြည်တွင်းမှစ၍ ပြည်ပဖြစ်သော Japan, Newyork, Abu Dhabi စသော မြို့ကြီးများအနှံ့တွင်ပင် ဖျော်ဖြေရန်များလည်းရှိနေရာ သူတို့တစ်ဖွဲ့လုံး Dance practice ခန်းထဲတွင် မအိပ်ရရုံတမည်ပင်။

ထို့ပြင် ဖျော်ဖြေရမည့် choreography တွေကလည်း အားပါ၍ popping များလေရာ လေ့ကျင့်အပြီး လက်ဆစ်ခြေဆစ်များပြုတ်ထွက်တော့မတတ် နာကျင်ရခြင်းသည် နေ့စဥ်ရင်ဆိုင်ရမှုများဖြစ်လို့လာ၏။

" ကဲ... ဒီတစ်ခေါက်နောက်ဆုံးပြီးရင်
နားပါမယ်နော် "

ချွေးများက နဖူးမှစလို့ ခြေဖျားထိတိုင်အောင် ချွဲနစ်နေချိန်တွင် နောက်ဆုံးတစ်ခေါက်လေ့ကျင့်မှုကိုစရန် သူတို့တစ်ယောက်တစ်ပေါက်နှင့် ကြမ်းပြင်ပေါ်အလဲလဲ အပြိုပြိုဖြစ်နေရာမှ အားတင်းပြီးထလိုက်ရသည်။

ဆောင်းထားသော cap ကို ပိုငိုက်ကျအောင် ဆွဲချလိုက်ပြီးနောက်တွင် မလှမ်းမကမ်းမှ တဟောဟောတဟဲဟဲ ဖြစ်နေသောကောင်လေးကို Jay လှမ်းကြည့်လိုက်၏။ 

Jungwon က ဖျော်ဖြေမှုများတွင် အားကိုတကုန်ထုတ်သုံးပြီး popping များ အရမ်းထည့်တတ်လေ့ရှိရာ ထင်ထားသည်ထက် ပိုပင်ပန်းလေ့ရှိသည်။

ယခုလည်း ရှေ့သို့ရှည်ကျနေပြီဖြစ်သော ဆံပင်များက ချွေးကြောင့်စေးကပ်ပြီး မျက်လုံးများထဲသို့ စူးနေရာ လက်ချောင်းလေးများနှင့် သေချာဖယ်ခွာနေသော ကောင်လေးအနားသို့သွား၍ Jay အားပေးသည့်သဘောနှင့် တင်ပါးလေးကို တစ်ချက်နှစ်ချက်ခန့်ပုတ်ပေးလိုက်၏။

" Jungwonnie အရမ်းကြီးအားမစိုက်နဲ့တော့
ခြေတွေလက်တွေနာနေမယ် "

Jay အသံက နားနားကပ်ပြောလာတဲ့အပြင် ခပ်တိုးတိုးရယ်သာမို့ Jungwon တစ်ယောက်တည်းသာကြားနိုင်လေသည်။

Jungwon ခေါင်းညိတ်ပြလိုက်တော့ Jay က ထိုခေါင်းလေးကို ခပ်ဖွဖွပုတ်ပေးသွားပြီးနောက် သူ့နေရာတွင်သူ Stand by ပြန်ယူသွားလေ၏။

Stars in Garden ( Crumbs collection )Where stories live. Discover now