Crumb 11

1K 111 2
                                    

Crumb 11

ယနေ့က paradoxxx invasion အတွက် music video ရိုက်ကူးရေးနေ့ဖြစ်၏။

Outdoor setting နှင့်ရိုက်ရသည်ဖြစ်၍ နေ့ခင်းကြောင်တောင် နေအလင်းရောင်အောက်တွင် ဂျောင်၀န်း၏ အသစ် change ထားသော ဆံပင်ကာလာအနီက ရဲတောက်ကာ ထင်းထွက်နေသည်။

ခေါင်းနီနီတစ်လုံး ဟိုပြေးလိုက် သည်ပြေးလိုက်နှင့်လှုပ်ရှားနေသည်က အားလုံးအတွက် အာရုံစိုက်စရာဖြစ်နေသလို ချစ်စရာလည်း ကောင်းလေ၏။ 

Outfit များကလည်း playful concept နှင့်ဖြစ်ရာ အားလုံးပေါ့ပါးမိမိုက်၍နေသည် ။

သို့သော် အပြင်အဆင်များက ပေါ့ပါးနေသလောက် setting ပိုင်းကတော့ အမြင့်တွင်ရိုက်ကူးရမည်များလည်း ပါ၀င်နေရာ လုံခြုံရေးကို အထူးဂရုစိုက်နေရ၏ ။

ယခုလည်း မြေပေါ်မှ 9 ပေခန့်မြင့်လောက်မည့် နေရာတွင် setting ချ၍ အုပ်စုလိုက်ရိုက်ရမည်ဖြစ်ရာ နေရာကျဥ်းကျဥ်းတွင် သူတို့တစ်အုပ်လုံးကျပ်သိပ်စွာရပ်နေရလေသည်။

" first take ကို monitoring လုပ်ပြီးရင် second take ရိုက်ပါမယ်နော် အဲ့မှာပဲငြိမ်ငြိမ်လေးနေပေးကြပါ "

"" ဟုတ်ကဲ့ !!! ""

အားလုံးနီးပါး ပြိုင်တူဖြေပြီးသည့်နောက် monitoring လုပ်နေသည်ကိုစောင့်ရင်း သူတို့အားလုံးထိုပေါ်တွင် နေနေရရှာ၏ ။

" ooh... ဒီလိုသိပ်မမြင့်တဲ့နေရာကတောင် အောက်ကိုငုံ့ကြည့်ရင် ကျက်သီးထတယ် "

ဆောင်ဟွန်းက သူ့သဘောနှင့်သူ အောက်ဘက်မြေပြင်ပေါ်ကို လှမ်းကာငုံ့ကြည့်ပြီးနောက် ပုခုံးကိုတွန့်ကာရေရွတ်လာသည်။

" hyung မကြောက်တာလို့ရော ရှိလို့လား "

" aiishh "

နီခီက ရယ်သံတစ်၀က်နှင့် လှမ်းကာစနောက်တော့ ဆောင်ဟွန်းက သူ့အကျင့်အတိုင်း မျက်စောင်းသေးသေးလေးနှင့် ရန်ပြန်လုပ်၏ ။

" ဟုတ်သားပဲ ငုံ့ကြည့်ရင်ခေါင်းမူးတယ် "

ဂျောင်၀န်းက ဆောင်ဟွန်းလုပ်သည့်အတိုင်း တသွေမတိမ်း လိုက်လုပ်ပြီးနောက် အနည်းငယ်အသည်းယားသွားစိတ်နှင့် ကိုယ်လေးကို အနောက်သို့အနည်းငယ်ဆုတ်သွားရှာသည်။

Stars in Garden ( Crumbs collection )Where stories live. Discover now