Crumb 7

1K 108 7
                                    

Crumb 7

Orange Blood Concept Trailer အတွက်ရော Concept photo တွေအတွက်ပါ Jeju ကျွန်းသို့ ရိုက်ကူးရေးအဖွဲ့နှင့်အတူ Enhypen တစ်ဖွဲ့လုံးသာမက တွဲဖက် guest မင်းသမီး Park Ji Won ပါ ရက်ပိုင်းခရီးထွက်လာခဲ့ရ၏။

အရင်ဆုံး တွဲဖက်မင်းသမီးနှင့်အတူ ရိုက်ကူးရမည့် Concept Trailer ကိုအရင် setting ချ၍ ရိုက်ဖြစ်ကြသည်။ Schedule တွေအရ မင်းသမီး Park Ji Won ၏ အချိန်တွေကိုအပိုမယူမိစေရန် တစ်ရက်တည်းနှင့် Trailer ရိုက်ကူးရေးကိုအဆုံးသတ်၍ Concept Photo များအတွက်တော့ Enhypen က ရက်အနည်းငယ်ထပ်နေခဲ့ရဦးမည်ဖြစ်၏။

ပထမဆုံး ရိုက်ကွင်းအတွက် setting ချရသည်မှာ ကမ်းခြေတွင်ဖြစ်သည်။ ရာသီဥတုက မိုးတစ်ချက်တစ်ချက်ရွာနေသည်ဖြစ်ရာ သောင်ပြင်ပေါ်တွင် Tent များ ထိုးထား၍ ရိုက်ကူးရေးလုပ်နေသော်လည်း လေပြင်းများကြောင့် Tent တွေပုံပျက်လုနီးပါးပင်။

ဆယ်ကျော်သက်နှင့် early 20s လေးများ ပါဝင်သော လူငယ်လေးတွေတစ်ဖွဲ့ကတော့ ထိုအရာကိုပဲပျော်စရာလို့ သတ်မှတ်ထားရင်း Tent ထောက်တိုင်တွေကို ထိန်းကိုင်ထားကာ ရယ်မောပျော်ရွှင်နေကြ၏။

သူတို့ရိုက်ရမည်မှာလည်း ရေများစိုရွှဲဲနေသည့် အခန်းတွေဖြစ်ရာ မိုးရွာလို့စိုခြင်းက ဘာမှထူးမနေပေ။

အရင်ဆုံး ပင်လယ်ထဲမှမြောပါ၍ သောင်ပြင်ပေါ်တင်နေသည့်အခန်းအားရိုက်ရန် ဂျောင်ဝန်းနှင့်အတူ နီခီပါ သောင်ပြင်ရေစပ်တွင် လှဲ၍ ဒါရိုက်တာညွှန်ကြားမှုကိုလက်ခံနေရသည်။

ရိုက်ကွင်းက အမြန်နှုန်းနဲ့သာဆက်သွားနေသော်လည်း ကြာသင့်သလောက်တော့ကြာသည်မို့ ရေစပ်တွင်လှဲ၍ rehearsal လုပ်နေရင်းနှင့်ပင် ဂျောင်ဝန်း၏ နဂိုဖြူသောအသားအရေလေးများသည် ပို၍ဖြူဖတ်လာ၏။

သဲပြင်တွင်လှဲရင်း အအေးကြိုက်သော ကောင်လေးမှ ချစ်စရာအပြုံးလေးများပြုံးပြ၍ တက်ကြွနေသော်လည်း Jay မှာမူ မလှမ်းမကမ်းက ရပ်ကြည့်နေရင်းနှင့် စိတ်ပူလာရသည်။ ဖျားတော့ မဖျားလောက်ပါဘူး။

မကြာမီပင် သူတို့တစ်ဖွဲ့လုံး လူစုံတက်စုံ ထိုသောင်ပြင်တွင်စုံစည်း၍ အချင်းချင်း ဖေးမနှစ်သိမ့်ပေးရမည့် ရိုက်ကွက်သို့ရောက်လာ၏။

Stars in Garden ( Crumbs collection )Where stories live. Discover now