Crumb 20

934 112 10
                                    


( Big sexual content alert ⚠️ sensitive ဖြစ်ရင် ဒီအပိုင်းကို အတတ်နိုင်ဆုံးမဖတ်ဘဲ ရှောင်ပေးပါ )

" ဘာလဲ..အဆောင်မှာဘယ်သူမှ ပြန်မရောက်လောက်သေးဘူးထင်နေတာ..hyung ဘယ်ချိန်ကပြန်ရောက်နေတာလဲ "

" နေ့လည်က "

Jay သည် အဆောင်တံခါးဖွင့်သံကြား၍ အခန်းထဲမှထွက်ကာ လာကြည့်ရင်းနှင့်မှ ဖိနပ်ကြိုးကို ငုံ့ဖြည်ရန်ပြင်နေသော ဂျောင်ဝန်းလက်ထဲရှိ လက်ဆွဲအိတ်ကို လွှဲပြောင်းယူ၍ ကူသယ်ပေးလိုက်၏။

ထိုစက္ကူလက်ဆွဲအိတ်ကို အနည်းဟကာကြည့်လိုက်မိတော့ တစ်ခါသုံး ပလတ်စတစ်ဘူးအကြည်လေးများကိုတွေ့ရသည်။

" ဘာတွေလဲ ဒါတွေက "

သူ သိလိုစိတ်ဖြင့် စူးစမ်းကြည့်လိုက်သောအခါ ဖိနပ်ကြိုးထိုင်ဖြည်နေသည့်ကောင်လေးက သူ့ကိုမော့ကြည့်ရင်း အဖြေပေးလာ၏။

" အာ.. အဲ့တာလား ?
အဖွားထည့်ပေးလိုက်တာ..အရံဟင်းတွေ "

အဆုံးမှာတော့ ဂျောင်ဝန်း ဖိနပ်ချွတ်၍ ပြီးဆုံးသွားကာ ဘေးမှဖိနပ်စင်ပေါ်တင်လိုက်ပြီးနောက် Jay နှင့်အတူ ဧည့်ခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။

" နီခီရော ? "

" recording ရှိတယ်တဲ့..
ဒီည company မှာပဲ အိပ်မယ်ထင်တယ် "

" hyung ကလွဲပြီး ဘယ်သူမှပြန်မရောက်သေးဘူးလား ? "

ဂျောင်ဝန်း မေးရင်း အထဲနေရာအနှံ့ကို လည်ပင်းလေးဆန့်ကာ စူးစမ်းကြည့်သော် အဆောင်တစ်ခုလုံး လူသူကင်းရှင်းနေကြောင်းတွေ့လိုက်ရလေ၏။

" အင်း "

ယခုလို world tour တစ်ဖြတ်ပြီး၍ comeback အသစ်အတွက် ပြင်ဆင်ရန် အစပြုနေချိန်များတွင် သူတို့တစ်ဦးတစ်ယောက်ချင်းစီ၏ schedule များက ကွဲပြားနေလေ့ရှိပြီး အားလပ်ချိန်အချို့ကိုလည်း ရရှိနိုင်သည်မို့ အများအားဖြင့် မိဘအိမ်ပြန်လေ့ရှိကြသည်။

ယခု ဂျောင်ဝန်းကိုယ်တိုင်လည်း မိဘအိမ်တွင် 4 ရက်အတူသွားနေကာ မိသားစုကိုရော မတွေ့ရသည်မှာ အတော်ကြာနေသည့် maeumi ကိုပါ အချိန်ပေးဖြစ်ခဲ့၏။

" မာအွန်းက ဒီတစ်ခေါက်လည်း အရမ်းစိတ်မကောင်းဖြစ်ပြီးကျန်ခဲ့တာပါဆို.. တံခါးပိတ်တဲ့ထိ ကျွန်တော့်ကို အထဲကနေ ခေါင်းလေးစောင်းပြီး ကြည့်ကျန်ခဲ့တာ "

Stars in Garden ( Crumbs collection )Where stories live. Discover now