တောင်ရိုးနယ်ရဲ့ ရွာတွေနံဘေး ပတ်ခွေစီးဆင်းနေတဲ့ တောင်ရိုးချောင်းငယ်လေးက နွေရာသီဆို ချောင်းအောက်ခြေကို မြင်နိုင်သည်ထိ ရေလျော့ကျသွားတတ်၏။
ကြည်လင်လှသော ချောင်းအောက်ခြေမှာ ရေညှိစိမ်းစိမ်းများ တက်နေတဲ့ ကျောက်တုံးများကို အတိုင်းသား မြင်နေရသည်။ ထို့ပြင် ရေအောက်ထိ ထိုးဖောက်ဖြာကျနေတဲ့ နေရောင်ခြည်ကြောင့် တလက်လက်တောက်ပနေတဲ့ ငွေရောင်သဲဖြူများ ရှိသေး၏။
လေညှင်းကလေးများ ကလူကျီစယ်သွားတိုင်း ချောင်းငယ်ရေမျက်နှာပြင်မှာ ငွေရောင် လှိုင်းကြက်ခွပ်လေးတွေ လူးလူးလွန့်လွန့်....။
တမြန်နေ့ မတိုင်ခင်ထိ မာယာမြိုင်ရဲ့ ဝန်းတံခါးကို ကျော်၍ လက်နှစ်သစ်မျှ မြေကြီးကိုသော်မျှ မနင်းဖူးခဲ့ရတဲ့ သူမ.....။ မာယာမြိုင်ရဲ့ တစ်ဦးတည်းသော မျိုးဆက်သွေး ယဥ်နှောင်းသက်ဝေ...။
ဆိုတော့လည်း ဘာများဟုတ်သလဲ...။ အပြင်လောကမြေကြီးကို ခြေချခွင့်ရလိုက်ပြီဆိုထဲက သက်ဝေဟာ မာယာမြိုင်နဲ့ လားလားမျှ မသက်ဆိုင်ချင်တော့ပါချေ...။
တစ်ပါးသူတို့ အာသာငမ်းငမ်း လိုချင်တပ်မက်နေကြတဲ့ ရတနာရွှေငွေ၊ စည်းစမ်ပုံတွေ....။ လိုချင်ရင် ယူချင်သလောက် ယူကြစမ်းပါစေ...။ သက်ဝေအဖို့တော့ ထိုရတနာများကိုလည်း စက်ဆုပ်သည်။ ထိုလူတွေကိုလည်း စက်ဆုပ်သည်။
မာယာမြိုင်ရဲ့ ထိုသို့စက်ဆုပ်ရွံရှာဖွယ်အရာများနဲ့ လားလားမျှ မသက်ဆိုင်တဲ့ အပြင်လောကကြီးတွင်တော့ သက်ဝေ တွေ့လိုက်တဲ့အရာရာတိုင်း လှပသည်။ ပတ်ပျိုး၊ ရတု၊ လေးချိုးကဗျာတွေထဲ သီဖွဲ့ထားသော စာသားတွေနဲ့ဘဲ ပုံဖော်ခဲ့ရတဲ့ မြင်ကွင်း၊ ရှုခင်းများသည် ယခုတော့ဖြင့် မျက်စိရှေ့မှာ အရောင်အသွေးစုံလင်စွာဖြင့် မြင်ခွင့်ရလေပြီ...။
လောကကြီးကို အလှဆင်ထားသော တောတောင်၊ မြစ်၊ချောင်း၊ပန်းမန် သဘာဝတရားတွေသည် အမှန်တကယ်လှပလှ၏။ ငေးမဝ၊ရှုမဝနိုင်လောက်အောင် လှရက်သည်။ ထို့ပြင် စိတ်နှလုံးကိုလည်း အေးချမ်းစေပါဘိ...။
"အမိက ဒီမှာကိုး....။ ကျုပ်မယ် ရှာလိုက်ရတာ..."
"ဟင်..."
YOU ARE READING
မေတ္တာနုနုစေလိုသူ
Romanceမောင့်မေတ္တာရိပ်အောက်မှာ မောင့်သက်ဝေတစ်ဘဝလုံး နွေးစေ အေးစေကွယ်....