၁၂

346 44 2
                                    

ပိတောက်ရွာ....။

သနပ်ပင်ခရိုင်ထဲက ဒီရွာလေးက တောင်ရိုးနယ်အပိုင် တမာတောနဲ့ အတော်လေး လှမ်းသွားလေပြီ....။

ရွာပတ်ပတ်လည်မှာ လျှိုမြောင်၊ ချောက်ကမ်းပါးများ ဝန်းရံထားတာကြောင့် အနီးအနားက ရွာများနဲ့ သီးသန့်ကွာဝေးတည်ရှိနေ၏။

ရွာနီးချင်းများနဲ့ ထိုရွာကြားတွင် ကြမ်းတမ်းလှသော မြေကမူလမ်းများ၊ ရိုးပြတ်တောများနဲ့ ပိုင်းခြားခံထားရပြီး ရွာနီးချုပ်စပ်များကနေ ထိုရွာသို့သွားရာ လှည်းလမ်းကြောင်းသည် ကြမ်းတမ်းလှ၏....။

မနက်ထဲက ရွာတွေတစ်ရွာပြီးတစ်ရွာ သူတို့ဖြတ်သန်းခဲ့ကြပေမယ့် တစ်ရွာမှ အခြေချလို့ မကောင်းဘူးလို့ ဘုန်းရောင် ဆုံးဖြတ်ကာ ဆက်ခဲ့တဲ့ ခရီးက ပိတောက်ရွာရောက်မှ အဆုံးသတ်၏။

အချိန်က နေစောင်းလုနေချေပြီ...။

ပုဇွန်ဆီရောင် ရောင်နီဆည်းဆာက လျှိုမြောင်များအထက်က ကုန်းပြင်မြင့်ပေါ်မှာ မော့မော့ကြွားကြွား တည်ရှိနေတဲ့ ရွာလေးကို အတားအဆီးမရှိ သွန်းလောင်းနေ၏။

ယနေ့ရွာထဲဝင်လာတဲ့ ဧည့်စိမ်းနှစ်ယောက်ကို စပ်စုချင်နေတဲ့ လူအုပ်ကြီးက သူကြီးအိမ်မှာ စုရုံးရောက်ရှိနေကြသည်။

"ဧည့်သည်မိန်းကလေးက ကြီးညိုနဲ့ တူလှချည်လားဟ...."

"ကြီးညိုနဲ့ တကယ်တူတာပဲတော်...။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လုံး ကြီးညိုသာ ကျုပ်တို့နဲ့ ရှိမနေဘူးဆိုရင် ဒီမိန်းကလေးကို ကျုပ် ကြီးညို သမီးလို့ ရဲရဲကြီးပြောပလိုက်မှာ...."

"ဟုတ်ပါ့အေ....။ ကြီးညိုငယ်ငယ်က ရုပ်နဲ့ တထေရာတည်း....။ ချွတ်စွပ်....ချွတ်စွပ်..."

ရွာ၏ သူကြီးမိန်းမနဲ့ တထေရာတည်း တူသော ဘုန်းရောင်ကို တွေ့ကာ ရွာသားတွေ ပွက်လောရိုက်နေခြင်းပင်....။

ပိတောက်ရွာရဲ့ သူကြီးက ဆုံးသွားတာ ဆယ်စုနှစ်တစ်ခုလောက် ရှိပြီဖြစ်ကာ သူကြီးနဲ့ သူကြီးကတော်မှာ အမွေဆက်ခံမယ့် သားဖြစ်သူကလည်း ယခုနှစ်မှ ၁၆နှစ်....။

ပိတောက်ရွာရဲ့ အစဥ်အဆက် သူကြီးမျိုးရိုးကိုဘဲ ခေါင်းဆောင်တင်လိုသော ရွာသားများရဲ့ ဆန္ဒအလျောက် သူကြီးရဲ့သား အသက်၂၀ပြည့်တဲ့ထိ ရွာရဲ့အုပ်ချုပ်သူနေရာအား သူကြီးကတော်အား လိုလိုလားလား အပ်နှင်းကြလေသည်။ ထို့ကြောင့် ပိတောက်ရွာကို အမျိုးသမီးတစ်ယောက် အုပ်ချုပ်နေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုမျှ ကျော်သွားခဲ့ချေပြီ....။

မေတ္တာနုနုစေလိုသူWhere stories live. Discover now