Chapter-2

448 65 2
                                    

[ Unicode ]

အခန်း-၂။

------------

နောက်တစ်နေ့ နံနက်စောစောတွင်၊ ရွှီလော့ယန်က သူ့မိုဘိုင်းလ်ဖုန်းမှအသံကြောင့် အိပ်ရာမှနိုးလာရသည်။

သူက အိပ်ချင်မူးတူးဖြင့် ဖုန်းကို နားနားကပ်ကာ "ဟယ်လို"ဟု နှစ်ခါပင်ထူးလိုက်သော်လည်း နောက်မှ ဖုန်းဖြေဆိုမည့်ခလုတ်အား မနှိပ်ရသေးမှန်း သတိရသွားသည်။

အခုလေးတင်လုပ်လိုက်တဲ့ အရူးလုပ်ရပ်က ငါလုံးဝမဟုတ်ရပါဘူးနော်။

စကားအနည်းငယ်ပြောပြီးသည့်အခါ ဖုန်းရဲ့တစ်ဖက်မှ မန်နေဂျာက ချီချန်အန်း၏အကြောင်းမေးလာလေသည်။ ရွှီလော့ယန်မှာ ရုတ်ချင်းပင် အိပ်ချင်စိတ်တို့ပပျောက်သွားရသည်။

"ကျန်းကော မစိုးရိမ်ပါနဲ့ ချီချန်အန်းက သဘောကောင်းပါတယ်  သူ့ စရိုက်ကလည်း...တော်တော်လေးကောင်းတယ် ရုပ်ကလည်းချောပြီး သရုပ်ဆောင်လည်းတော်သေးတယ် သူ့မှာ ကြင်နာတတ်တဲ့နှလုံးသားရှိပြီး ကမ္ဘာကြီးရဲ့အရပ်လေးမျက်နှာစလုံးနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ပါတယ် သိမ်ငယ်စိတ်တွေ မနာလိုဖြစ်တာတွေနဲ့ အမုန်းတရားတွေ မရှိပါဘူး"

သူက အိပ်ချင်မူးတူးဖြင့် ဆံပင်များအား ဆွဲကုတ်နေမိသည်။ အချိန်မှာ ရှစ်နာရီခန့်ရှိနေပြီဖြစ်သည့်အတွင် ရွှီလော့ယန်က ဖုန်းစပီကာအားဖွင့်ကာ၊ အိပ်ယာထဲမှထွက်ပြီး အင်္ကျီလဲရန် အဝတ်ဘီရိုဆီသို့သွားလိုက်သည်။

သူ့မန်နေဂျာ စိတ်ချသွားသည့်အခါမှ သူ့ဖုန်းအားချလိုက်ပြီး အိပ်ခန်းတံခါးအား အသာလေးဖွင့်ကြည့်လိုက်သည်။ ပြီးနောက် အိုင်ဒေါလ်တစ်ယောက်နှင့်မတူစွာ ပါးစပ်ကိုကျယ်ကျယ်ဖွင့်၍ သန်းဝေလိုက်တော့၏။ သူ့ရဲ့သန်းဝေခြင်းအမှုများမှာ ဆိုဖာပေါ်တွင်ထိုင်နေသည့်လူအား တွေ့လိုက်ရသည့်အခါ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားခဲ့ရသဖြင့် သူ့ရဲ့ သောက်ကျိုးနည်း မေးရိုးများပင် နေရာလွဲတော့မလိုဖြစ်သွားရသည်။

သူ့ပါးစပ်အား အလောတကြီး လက်ဖြင့်လှမ်းကာလိုက်မိပြီး ချီချန်အန်းက သူ့ဘက်သို့ လှည့်ကြည့်လာချိန်တွင် သူက ပါးစပ်ကိုကာထားသည့်လက်အား အောက်သို့ချလိုက်ကာ သူ့ရဲ့မူပိုင်အပြုံးဖြင့် ပြုံးပြလိုက်တော့သည်။

ငါကနေ့တိုင်းအချိုတွေ ကျွေးနေတယ်တဲ့ [ ဘာသာပြန် ]Where stories live. Discover now