Chapter-7

382 63 11
                                    

[ Unicode ]

အခန်း-၇။

------------

ရွှီလော့ယန် ပြောတဲ့စကားကိုနားထောင်ရန် ခေါင်းကိုနည်းနည်းလောက်စောင်းလိုက်ပြီး ချီချန်အန်းက ထိုအကြောင်းကို အရမ်းမစဉ်းစားတော့ပေ။ကုတင်ဘေးရှိစားပွဲပေါ်က ဆေးပုလင်းတွေ ၊ကြမ်းပြင်ပေါ်မှာမှောက်နေတဲ့ရေတွေ၊ ရေဇလုံနှင့်ရေစို၀တ်တို့ကို့ သူမျက်လုံးဖြင့်တစ်ချက်လောက်လေး ကြည့်လိုက်ရုံဖြင့် ဘာတွေဖြစ်ခဲ့လဲဆိုတာကို သူမှန်းဆလို့ရသည်။

"ကိုယ့်ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်"

ချီချန်အန်းရဲ့အသံကအခုထိကွဲအက်နေဆဲဖြစ်ပြီး အဖျားမကျသေးတာကြောင့် သူအသက်ရှုသံကနည်းနည်းအားနည်းနေသေးသည်။ ထို့ကြောင့် သူစကားပြောသည့်အသံက အတော်လေး နူးညံညင်သာလှပြီး သူ့မျက်လုံးထောင့်ကစူးရှမှုတွေက အနည်းငယ် ပြေလျော့နေ၏။

ရွှီလော့ယန်တစ်ယောက် သူ့နားစည်တွေအား ငှက်မွှေးဖြင့် ညင်ညင်သာသာလေးထိုးကလိနေသလို ခံစားလိုက်ရပြီး ယားယံနေတဲ့ခံစားချက်ကတစ်ကိုယ်လုံးအနှံ့ပျံနှံ့သွားရပြီး နှလုံးခုန်နှုန်းပင်မမှန်ချင်သလို ဖြစ်သွားရသည်။

သို့ပေမဲ့ သူစကားကိုတော့ ရှင်းရှင်းလင်းလင်းပြောနိုင်စွမ်းရှိသေးသည်။

"ခင်ဗျားရဲ့ အခန်းဘက်ကနေ ကြမ်းပြင်ပေါ်ခွက်ပြုတ်ကျတဲ့အသံကျွန်တော်ကြားလိုက်ရတာနဲ့ စိတ်ပူလို့ ဒါ​နဲ့ ကျွန်တော်လာပြီးတော့မေးတာ ဒါပေမဲ့ ခင်ဗျားနာမည်ကိုခေါ်တော့လည်းပြန်မထူးဘူးလေ အဲ့ဒီတော့ ကျွန်တော်လည်း တစ်ခုခုများဖြစ်နေလားဆိုပြီး တံခါးကိုဖွင့်ကြည့်လိုက်တာ ခင်ဗျား ကြမ်းပြင်ပေါ်မှာမေ့လဲနေတာကို ကျွန်တော်တွေ့လိုက်ရတာပဲ"

ပြောနေရင်း သူက ချီချန်အန်းရဲ့နောက်ကျောကိုအသာချောင်းကြည့်လိုက်မိသည်။

သူဘယ်လိုများလုပ်လိုက်တာလဲ...ဖ၀ါးလေးနှင့်ပုတ်ရုံနဲ့ သူကိုနှိုးလိုက်မိတယ်...။

ငါပုတ်လိုက်တာများပြင်းသွားသလား...သူ့နောက်ကျောအရိုက်ခံလိုက်ရသလိုဖြစ်သွားလို့ ရောင်များ‌သွားသေးလားမသိ...။

ငါကနေ့တိုင်းအချိုတွေ ကျွေးနေတယ်တဲ့ [ ဘာသာပြန် ]Where stories live. Discover now