Chapter-5.2

233 44 0
                                    

[ Unicode ]

အခန်း-၅.၂။

------------

နေရောင်ခြည်က ခဲပြားများအားထောင့်တန်းဖြတ်ကာထားသည့် သစ်သားပြတင်းပေါက်အတွင်း ဖြာကျနေပြီး အခန်းထဲမှ နွေးထွေးမှုအား ပြုံးရိပ်ထင်ဟပ်စေလေသည်။ ထိုင်ခုံပုလေးအပေါ်၌ တစ်ဝက်မျှသာအချောသပ်ရသေးသည့် သစ်သားတစ်ခုရှိနေ၏။

သူက 'ချင်းချောင်'ကိုကြည့်ကာ နူးနူးညံ့ညံ့ပြောလိုက်သည်။

"မနေ့က ငါ့မိသားစု ဘယ်သွားကြတာလဲလို့ မင်းမေးခဲ့တယ်မို့လား"

ချင်းချောင်က သူ ရုတ်တရက်ပြောလာဖို့ မမျှော်လင့်ထားမိပေ။ ယခင်က ရွှီကျန့်က မပြောချင်မှန်း သူသတိထားမိသဖြင့် ထပ်မမေးမိခဲ့။ သို့သော် ယခုတစ်ဖက်လူ၏မျက်နှာထားမှတစ်ဆင့် အဖြေမှာ သိပ်မကောင်းလှကြောင်း သဘောပေါက်သွားရသည်။

"အင်း..သူတို့ ဘယ်သွားကြတာလဲ"

ရွှီကျန့်က သူ့ခေါင်းကိုငုံ့ထားသဖြင့်ထွက်‌ပေါ် နေသောလည်ပင်းမှာ ကျိုးကြေလွယ်သည့်ပုံပေါ်က်နေလေ၏။ သူ့မျက်ခုံးများမှာ အရိပ်ထဲတွင် ဖုံးကွယ်ထားကာ သဲသဲကွဲကွဲ မမြင်နိုင်သော်လည်း သူ့အသံထဲရှိ နက်နဲမှုအား လျစ်လျူရှုမထားနိုင်ပေ။

"သူတို့အားလုံး သေသွားကြပြီ"

ချင်းချောင်မှာ ရုတ်တရက် အေးခဲသွားသည်။ သူက အဖြေပေါင်းသန်းများစွာကို စိတ်ကူးယဉ်ခဲ့သော်လည်း ဤအရာဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ 

သူ့နှုတ်ခမ်းထောင့်ကို ပွတ်သပ်ရင်း "ငါ နောက်ဆုံးအကြိမ် ပြန်လာခဲ့တုန်းက သူတို့အကောင်းအတိုင်းရှိနေသေးပါတယ် သူတို့...ဘယ်လိုသေသွားတာလဲ"

ရွှီကျန့်က ခေါင်းကို့ငုံ့ထားကာ စကားမပြောတော့ပေ။သို့သော် သူ၏ပါးလွှာသောပခုံးများက ရုတ်တရက်လှုပ်ခါသွားလေသည်။ထို့နောက်  ချောမွေ့သန့်ရှင်းသော သစ်သားပေါ်တွင် ရေစက်အမြောက်အများ စွန်းထွင်းလာလေသည်။

နေရာ၌ရပ်နေဆဲဖြစ်သည့် ချင်းချောင်က လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ သူက ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းကာ လက်ကိုမြှောက်၍ တစ်ဖက်လူရဲ့ပုခုံးအား ပုတ်‌ပေးလိုက်၏။

ငါကနေ့တိုင်းအချိုတွေ ကျွေးနေတယ်တဲ့ [ ဘာသာပြန် ]Where stories live. Discover now