" ခင်များ နိုးလာပြီးပဲ "
" ငါ ငါ ဘာဖြစ်သွားတာလဲ "
" ဆရာဝန်ပြောတာတော့ ခေါင်းကိုက်လွန်ပြီ မူးလဲတာတဲ့ "
" ငါ ဆေးရုံမှာလား "
"ခင်များ ဆေးရုံနဲ့သက်ဆိုင်တဲ့ပစ္စည်းတွေမြင်တယ်မလား မေးစရာမလိုဘူးထင်တယ် "
သူပြောတာလဲမမှားပင်၊ သူ့ကိုဂရုစိုက်ပေးနေသည့် သမုဒ္ဒရာ ကို ကြည့်ရင်းစိတ်ကျေနပ်နေမိ့တော့သည်။ ကိုယ်အကြိုက်ဆုံး မြင်ကွင်းက မင်းပါသမုဒ္ဒရာ မင်းကို စိုက်ကြည့်နေလို့ရူးနေတယ်လို့ထင်နိုင်ပေမယ့် ကိုယ်ကမရူးပါဘူး သမုဒ္ဒရာ။
" Caesar ၊ ဘာလို့ကျွန်တော့်ကို စိုက်ကြည့်နေရတာတုံး "
" Caesar ၊ ဘာလို့ကျွန်တော့်ကို စိုက်ကြည့်နေရတာတုံး "²
ထိုစကားသည် ခေါင်းထဲသို့အကြိမ်ကြိမ်ကြားယောင်နေရသည်။ ငါ့ကျမှဘာလိုဒီလိုတွေဖြစ်နေတာလဲ သမုဒ္ဒရာကို သံယောဇဉ်တွယ်မိ့သွားလို့လား။
" မင်း..အ့! "
" ခင်များ အဆင်ပြေရဲ့လား ကျွန်တော် ဆရာဝန်သွားခေါ်ပေးမယ် "
" ရပါတယ်မခေါ်နဲ့...အာ! "
လက်ကိုလှမ်းဆွဲကာ တားလိုက်သည့်အချိန်တွင် ခေါင်းသည် နဂိုးကထက်ပို၍ ကိုက်လာသည်။
ချီးထဲမှကွာ၊ ငါဘာတွေဖြစ်နေတာလဲ။" ခင်များ အဆင်မပြေဘူးပဲ၊ ကျွန်တော်သွားခေါ်ပေးမယ် ခဏစောင့်နေ "
Caesar ၏ လက်ကိုဖယ်ကာ ဆရာဝန်ကိုသွားခေါ်လေသည် ဆရာဝန်ခေါ်ပြီ အခန်းထဲပြန်ရောက်လာသည့်အခါဆေးစစ်ချက်များပြုလုပ်ပြီ သမုဒ္ဒရာ သည် ဆေးစစ်ချက်၏ အဖြေများကိုပေးလိုက်သည်။
" ဆရာဝန်၊ သူကဘာဖြစ်တာလဲဗျ "
" တစ်ခုခုကို ဆွဲလမ်းကြီးပြီမေ့မရတာမျိုးပေါ့၊မေ့ခဲ့တာတွေကိုပြန်မှတ်မိပြီ ဖြစ်နေတာ "
" သူအတိတ်မေ့ခဲ့ဘူးလား? "
" ဟင့်အင်း တစ်ခါမှအတိတ်မမေ့ခဲ့ဖူးဘူး၊ ရူးလဲမရူးဘူး "
" သူပြောတာက အရင်ဘဝကအကြောင်းကိုမှတ်မိတယ်တဲ့ အဲ့တာဖြစ်နိုင်လို့လားဟင် "

YOU ARE READING
ပြန်လည် မွေးဖွား လာခဲ့သော ချစ်ခြင်း။
FanfictionဒီFicက just fictional ပါ မည်သူ့တစ်ဦးကိုမှထိခိုက်လိုချင်မရှိပါဘူး အကုန်လုံးက Fiction charactersတွေပါ၊ ဆဲဆိုခြင်းများပါဝင်ပါသည်။ ကြိုက်ကြမှ ဖတ်ကြပါ၊ မကြိုက်ရင်မဖတ်ကြပါရန်တောင်ဆိုးပါတယ် ဒီFicကယောက်ျားသားခြင်းနှစ်ယောက်ချစ်ကြိုက်ခြင်းကိုရေးထားပါသည်။