သမုဒ္ဒရာတစ်ယောက်စာရှင်းပြလိုက်သည်၊ ငွေ့လက်လွှာလဲ ဂရုတစိုက်နားထောင်နေတော့သည်၊ ဒီလိုနဲ့ မိနစ်များကုန်စုံသွားကာ အခန်းထဲသို့ဆရာရောက်လာသည်။ ကျောင်းသားအားလုံးက "မင်္ဂလာပါဆရာ" ဟုဆိုကာပြောလိုက်သည်။ နာရီ၊ မိနစ်၊ စက္ကန့် ကုန်ကုန်ဆုံးသွားပင်။ ကျောင်းစာသင်ချိန်ပြီသွားသည့်အခါ သမုဒ္ဒရာ တစ်ယောက်စာမေးပွဲရှိတာကြောင့် လိုက်ဘလ်ရီ တွင် စိတ်ထက်အားသန်စွာစာကျက်နေတော့သည်။
" ဟိတ် သမုဒ္ဒရာ "
" ဟင် အော် ဗျ ဗျာ "
" မင်းကိုလိုက်ရှာနေတာ စာရှင်းပြဦး "
" အင်း ရှင်းပြပေးမယ်လေ ၊ ဘယ်ဟာတွေမရတာလဲ "
" Page 56က number 2 "
" အဲ့အပုဒ်ကလွယ်ဆုံးမဟုတ်ဘူးလားဗျာ "
" ဘာလို့လဲ မမအတွက်တော့မလွယ်ဘူး မမ ကိုမပြောပြချင်ဘူးလား "
" အဲ့လိုမဟုတ်ပါဘူးဗျာ ထိုင် ကျွန်တော် စာရှင်းပြပေးမယ် "
" အွန်းအွန်း "
ငွေ့သက်လွှာ သည် သမုဒ္ဒရာ ဘေးတွင်ထိုင်လိုက်သည်။ စာအုပ်ကိုလှန်ကာ ရှင်းပြခိုင်းသည် နံပတ်ကို ဖွင့်လိုသည်။ သမုဒ္ဒရာ အချိန်ယူကာရှင်းပြနေသောလဲ ငွေ့သက်လွှာစိတ်ပါပုံမပေါ်ပင်။
" သမုဒ္ဒရာ ၊ မင်းကိုမမပြောစရာရှိတယ် "
" အင်း ပြောလေ "
" အရှ့မှာမင်းကိုရပ်စောင့်နေတဲ့သူရှိတဲ့ သူက Caesarတဲ့ မင်းနဲ့ဘာတော်တာလဲ "
" ကျွန်တော်မိတ်ဆွေပါဗျ ၊ ဒါနဲ့သူကဘာလို့ရပ်စောင့်နေရတာတုန်း "
" မမလဲမသိဘူးလေ ၊ ပြောစရာရှိလို့ထင်တာပဲ "
" အဲ့တာဆို ကျွန်တော်ပြန်လိုက်ပါဦးမယ် အမ "
" ဟာ နေဦး.."
စကားတောင်ဆုံအောင်နားမထောင်ပဲသမုဒ္ဒရာသည် လိုက်ဘလ်ရီမှထွက်သွားသည်။ ငွေ့သက်လွှာလိုက်ဘလ်ရီတွင် တစ်ယောက်ထဲကျန်ခဲ့လေသည်။ သမုဒ္ဒရာတစ်ယောက် ကျောင်းအပြင်ဝရောက်သည့် အခါ Caesarကို စိုက်ကြည့်ကာ ၊ စိုက်ကြည့်ရင်အလိုက်သိ ဆိုသည့် ဟန်ပြလိုက်သည်။
YOU ARE READING
ပြန်လည် မွေးဖွား လာခဲ့သော ချစ်ခြင်း။
FanfictionဒီFicက just fictional ပါ မည်သူ့တစ်ဦးကိုမှထိခိုက်လိုချင်မရှိပါဘူး အကုန်လုံးက Fiction charactersတွေပါ၊ ဆဲဆိုခြင်းများပါဝင်ပါသည်။ ကြိုက်ကြမှ ဖတ်ကြပါ၊ မကြိုက်ရင်မဖတ်ကြပါရန်တောင်ဆိုးပါတယ် ဒီFicကယောက်ျားသားခြင်းနှစ်ယောက်ချစ်ကြိုက်ခြင်းကိုရေးထားပါသည်။