Part | 14 | Unicode

54 1 0
                                    

လူကသာစိတ်မလွင့်ဘူးပြောတာ မက်ခဲ့သည့်အိမ်မက်ကိုမေ့မရဖြစ်၍ ထူးဆန်းလွန်းသည့် အိမ်မက်ကို စိတ်ရောက်မိနေတော့သည်။ ဘယ်လိုအိမ်မက်ပါလိမ့် ထူးဆန်းလိုက်လေခြင်းဗျာ။

သမုဒ္ဒရာ တစ်နေကုန်ဘာမှမလုပ်ချင်သလို ၊ နေမကောင်းသလိုဖြစ်နေတော့သည်။ Caesarတစ်ယောက်သူ့ကိုကြည့်ပြီး မအိမသာဖြစ်နေတော့သည်။

" သမုဒ္ဒရာ ၊ ဘာတွေတွေးဝေနေတာတုန်း "

" ဟင် ဟမ် "

" ကျစ် ၊ ဘယ်ကိုစိတ်လွင့်နေတာလဲ ကိုယ်ဘာပြောလိုက်လဲကောသိရဲ့လား "

" ဗျာ ၊ ကျွန်တော်ဘယ်မှစိတ်မလွင့်ပါဘူး "

" မင်းကိုကြည့်ရတာ မအိမယာကြီးပဲ နေမကောင်းဘူးလား ဆေးခန်းသွားပြမယ် "

" ကျွန်တော်နေလဲကောင်းတယ် စိတ်လဲမလွင့်ဘူး ပုံမှန်ပါပဲ "

" ဘာကိုပုံမှန်လဲ ၊ စိတ်လွင့်နေပြီတော့ ကဲထားပါ "

ဒေါက်! ဒေါက်!

အိမ်ရှေ့မှတခါးခေါက်သံကြောင့် သမုဒ္ဒရာခပ်သွက်သွက်ထကာ တခါးသွားဖွင့်ပေးလိုက်သည်။

" အော် ဖေဖေတို့ပြန်လာပြီးလာ "

ထိုအခါ သမုဒ္ဒရာအဖေမှပြောဖြေလိုက်သည်။

" အေးကွယ့် "

" အွန်း ဝင်ကြ ကျွန်တော်ရေသွားခပ်ပေးမယ် "

သမုဒ္ဒရာ၏အဖေ ခေါင်းငြိမ့်ပြလိုက်ကာ အိမ်ထဲသို့ဝင်လိုက်ပြီး သစ်သားဖြင့်ပြုလုပ်ထားသော်ထိုင်ခံတွင်ထိုင်လိုက်ကာ သမုဒ္ဒရာ ခပ်လာခဲ့သည့်ရေခွက်နှစ်ခွက်ပေးလိုက်သည်။

" အန်တီနဲ့ ဦးပြန်ရောက်ပြီးပဲ "

" အေးကွယ် ဒါနဲ့ သားလုပ်စရာအလုပ်တွေမရှိလားဟင် "

" လုပ်စရာအလုပ်တွေပစ်ထားခဲ့တာဗျ "

" ဟောကွယ် အဆင်ပြေပါ့မလား "

" ပြေပါတယ်ဗျ ကျွန်တော်လဲနောက်၃/၄ ရက်လောက်ဆိုပြန်တော့မှာပါဗျာ "

" ဟုတ်ပါပြီကွယ် "

>>>>>>>>>>>>>

ညတွင်းချိန် ကွပ်ပျစ်တွင်ထိုင်နေကြသည့် သမုဒ္ဒရာနှင့် Caesar။ Caesar ဂီတာတစ်ခုနှင့်သံဇဥ်ကိုစတီးလိုက်ပြီ သမုဒ္ဒရာ သီချင်းစာသားစဆိုတော့သည်။

ပြန်လည် မွေးဖွား လာခဲ့သော  ချစ်ခြင်း။ Where stories live. Discover now