သမုဒ္ဒရာအမေ သုမုဒ္ဒရာကို ဒေါသများဖြင့်စိုက်ကြည့်လိုက်သည်။ အမေဘတ်ကိုမပါဘူး အဖေဘတ်ကပဲပါတဲ့ မွေးရကျိုးနပ်တဲ့သားလေးပါလား။ ဟုစိတ်ထဲတွင်ပြောနေမိတော့သည်။ Caesarတစ်ယောက်ခိုးရီနေမိတော့သည်။ တကယ်ပျော်စရာကောင်းတဲ့မိသားစုလေးပါ။ ဟုCaesar၏စိတ်ထဲတွင်ပြောနေတော့သည်။
" အော်ဒါနဲ့ ဇီးသီး ဗိုက်ဆာနေပြီလား "
" ဗျာ ကျွန်တော်ဗိုက်မဆာသေးပါဘူးဗျ "
" အင်း သမုဒ္ဒရာ မင်းရော ဗိုက်ဆာနေပြီလား "
" အင်း အမေဘာချက်ထားလဲ "
" ဝက်သား ဆီပြန်ချက် ပြီးတော့ ချဥ်ပေါင်ဟင်းရည်နဲ့ ငပိရည်ကျို တို့စရာအစုံ "
သမုဒ္ဒရာတစ်ယောက် စာချင်စိတ်ဖြစ်သွားရသည်။ ချက်ချင်ဆိုသလိုပင် ထိုင်ခံပေါ်မှထကာ မီးဖိုးကြောင်ထဲသို့သွားကာ ထမင်းနှင့် ဟင်းများထည့်လိုက်သည်။
ထို့နောက် ထမင်းစား စားပွဲပေါ်သို့ချလိုက်သည်။ ထို့နောက် သမုဒ္ဒရာမှမေးလိုက်သည့်စကား တစ်ခွန်း။
" ခင်ဗျား ခုနဗိုက်ဆာနေတာမလား ကျွန်တော်ခင်ဗျားအတွက်ပါထည့်လာတယ် ဒီကိုလာ အတူတူစားမယ် "
Caesar ချက်ချင်း သစ်သားနှင့်ပြုလုပ်ထားသော် ထိုင်ခေါ်ပေါ်မှထလာကာ သမုဒ္ဒရာဘေးဝင်ထိုင်လိုက်သည်။ ဇွန်းနှင့် ခရင်းယူကာ သမုဒ္ဒရာအတွက်ဟင်းထည့်ပေးကာ သူ့ကိုယ်သူအတွက်ပါဟင်းထည့်လိုက်ပြီး စတင်စွာ ညနေစာ စားကြတော့သည်။
( A/N ပြောတော့ဗိုက်မဆာဘူးဆို ဇီးသီးကအမျိုးမျိုးပဲ )
မိနစ်၂၀ ကြာကာ အားရပါးရစားပြီနောက် ဗိုက်များတင်းသွားကြသည်။
" စားကောင်းလိုက်တာ "
" ကျွန်တော့်အမေ လက်ရာမလို့လေး ဟီး "
" အွန်း! "
Caesar ထိုင်နေသည့် ထိုင်ခုံပေါ်မှထကာ ပန်ကန်းများသိမ်းစည်း၍ ပန်ကန်းများဆေးကြောနေတော့သည်။ ဆေးကြောပြီးနောက် ဘာမှလုပ်စရာမရှိသော်ကြောင့် ကွပ်ပျစ်တွင်ထိုင်ကာ လေပြင်းခံနေတော့သည်။ သမုဒ္ဒရာ အိမ်ထဲမှခြေထောက် ထော့နဲ့ ထော့နဲ့ဖြင့်ထွက်လာကာ Caesarထိုင်နေသည့် ကွပ်ပျစ်ဘေးနားတွင်ဝင်ထိုင်လိုက်သည်။

YOU ARE READING
ပြန်လည် မွေးဖွား လာခဲ့သော ချစ်ခြင်း။
FanfictionဒီFicက just fictional ပါ မည်သူ့တစ်ဦးကိုမှထိခိုက်လိုချင်မရှိပါဘူး အကုန်လုံးက Fiction charactersတွေပါ၊ ဆဲဆိုခြင်းများပါဝင်ပါသည်။ ကြိုက်ကြမှ ဖတ်ကြပါ၊ မကြိုက်ရင်မဖတ်ကြပါရန်တောင်ဆိုးပါတယ် ဒီFicကယောက်ျားသားခြင်းနှစ်ယောက်ချစ်ကြိုက်ခြင်းကိုရေးထားပါသည်။