Part | 7 | Unicode

54 2 0
                                    

" ကိုယ်..ကိုယ်? "

" ဘာဖြစ်လို့လဲ "

" ကျွန်တော် အဲ့​နာမ်စားကိုကြားဖူးနေသလိုပဲ တစ်ယောက်ယောက်ကသုံးဖူးနေသလိုမျိုးပဲ "

" ဘယ်သူလဲ "

" ကျွန်တော် မမှတ်မိဘူး "

သမုဒ္ဒရာ ကြားဖူးသော်လဲ ဘယ်သူသုံးဖူးမှန်းမမှတ်မိပင်...။

" ကိုယ်ကို ဒီနေရာမှာ အမှတ်တရပေါင်းများစွာရှိခဲ့တယ်လေကွာ "

" ခင်းဗျား က အရင်ဘဝအကြောင်းတွေမှတ်မိပေမယ့် ကျွန်တော်မမှတ်မိဘူး ခင်းဗျားပြောလဲ လေပဲကုန်မှာ Caesar "

" အင်း ကိုယ်သိတယ် "

" ကျွန်တော်ကိုသွားခွင့်ပြုပါဦးဗျ "

" အော် အင်း "

Caesarဘာမှမတတ်နိုင်ပင်...။

သမုဒ္ဒရာတစ်ယောက်ဆောင်ကိုပြန်သွားသည့် အဆောင်ကိုရောက်သည့်အခါ အခန်းထဲသို့ဝင်သွားကာ ကိုယ်လက်သန့်စင်ကာ " ကိုယ်"ဆိုတဲ့ အသုံးနှုန်းကိုဘယ်သူသုံးခဲ့ဖူးလဲစဥ်းစားမိနေတော့သည်။ သို့သော်လည်မမှတ်မိပင်။

" သမုဒ္ဒရာ ၊ မင်းဘာတွေတွေးဝေနေတာလဲ "

" ဘာမှမတွေးဝေပါဘူးကွာ "

မင်းခေတည်ပါသည် သမုဒ္ဒရာက လိမ်နေတယ်ဆိုတာအတော်လေသိသာပင်။

" ကျစ် ဟိတ်ကောင်ရာ မလိမ်စမ်းပါနဲ့ "

" ငါတကယ်ပြောနေတာ ၊ ငါဘာမှမတွေးဝေနေဘူး "

" အမ် အဲ့တာဆိုနေမကောင်းတာလား ဆေးခန်းသွားပြမယ် လာလာ "

" ကျစ် မင်း မရွဲ့စမ်းနဲ့ "

" အင်းပါ အဲ့တာဆိုဘာဖြစ်နေတာလဲ "

" ငါနားမလည်လို့ "

" ဟင် ဘာကိုလဲ "

" ငါကြားဖူးတဲ့ နာမ်စားကို ဘာလို့ဘယ်သူသုံးခဲ့လဲဆိုတာမမှတ်မိလို့ "

" ဟာဘာနာမ်စားတုံး မင်းကောင်မလေးသုံးတဲ့နာမ်စားလား ဘာနာမ်စားတုံးပြောပါဦး "

" ကိုယ်တဲ့ "

" ကြီးတော် မင်းက Gay လား "

" ကျစ် ဖြစ်စရာလားကွာ "

ပြန်လည် မွေးဖွား လာခဲ့သော  ချစ်ခြင်း။ Where stories live. Discover now