Part | 12 | Unicode

47 1 0
                                    

" ခင်ဗျား လူရော ဟုတ်ရဲ့လား ရေချိုးတာမြန်လှချည်လား "

" ကိုယ်ကလူဟုတ်ပါတယ် ၊ မင်းထားသွားမှာဆိုလို့ မြန်မြန်ချိုးလိုက်တာ "

" ကျစ် ၊ ခင်ဗျား က ဘယ်လိုလူလဲ "

" အမ် ကိုယ်ကလဲ မင်းမချစ်ခံရတဲ့လူ "

" တော်တော် ၊ သွားကြမယ် "

" ဘာနဲ့သွားမှာလဲ "

" လမ်းလျှောက်သွားမှာ "

" ဟာ ခြေထောက်ညောင်းတယ် "

" အဲ့တာဆို နေခဲ့လေ "

" ရတယ် ကိုယ် လမ်းလျှောက်မယ် "

ချက်ချင်ဆိုသလိုပင် လမ်းမလျှောက်ချင်သည့်စိတ်သည် လမ်းလျှောက်ချင်ရသွားသည်။ ထို့နောက် သမုဒ္ဒရာ နှင့် သမုဒ္ဒရာ အဖေ နဲ့ Caesarတို့သည် ကောက်စိုက်ရမည့်နေရာသို့လမ်ူလျှောက်ကာသွားကြသည်။ Caesarတစ်ယောက် အဝေးကြီးကိုလမ်းလျှောက်ရလို့ မကျေမနပ်ဖြစ်နေပင် သို့သော်လဲ သမုဒ္ဒရာအနောက်လိုက်ချင်သော်လဲ လမ်းအကြာကြီးလျှောရတော့သည်။ ဒီလိုနဲ့ မိနစ်20ကြာသောအခါ ကောက်စိုက်ရသည့်နေရာသို့ရောက်သွားကြတော့သည်။ ထို့နောက် စိုက်ခင်းကြီးထဲသွားကာ ပန်းပင်များစိုက်နေတော့သည်။

" ဟူး နေကလဲပူလိုက်တာ "

" အဲ့တာကြောင့်ခင်ဗျားကိုမလိုက်ခဲ့နဲ့လို့ပြောတာလေး "

" ကိုယ်က သမုဒ္ဒရာနဲ့ပဲနေချင်တာကို "

" မိန်းမကရတော့မယ် ကျွန်တော်ကိုကြူးလို့မပြီးတော့ဘူး တော်တော် ၊ ခင်ဗျားနဲ့ဆက်ပြောရင်ကျွန်တော်ဆဲမိမယ် "

"  အဟက် ၊  မင်းဆဲချင်ရင်လဲဆဲလိုက်ပါ ကိုယ်ကခံမှာပါ "

" ကျစ် ခင်ဗျား အရှက်ကလေးကိုမရှိဘူး ၊ အလုပ်ကိုသာဆက်လုပ် အဲ့လိုလုပ်နေရင်နောက်နေ့တွေကျွန်တော်နဲ့မလိုက်ခဲ့နဲ့ "

" ဟာ သမုဒ္ဒရာလေးကလဲ ကိုယ်ကစတာကို "

ထို့နောက် Caesarတစ်ယောက် အလုပ်ကိုပြန်လုပ်တော့သည်။ ဒီလိုနဲ့ နာရီအနည်းငယ်ကြာသည့်အခါ Caesarတစ်ယောက်ချွေးများပြန်လာကာ နေအပူဒဏ်ကြောင့်မခံမရက်ဖြစ်တော့သည်။ သမုဒ္ဒရာတစ်ယောက်ချွေးဘယ်လောက်ပဲထွက်နေပင်ပန်းနေသည့်ပုံမပေါ်ပင် ၊ Caesarအတော် အံ့ဩရသည့်။  မိနစ်အနည်းငယ်ကြာကာ မခံမရပ်နိုင်အောင်ပူပင်းလှသည့်နေရောင်အောက်မှာနေတာအတော်ကြာပြင်ကြောင့် Caesarဝတ်ထားသည့် T-shirt ကိုချွတ်လိုက်သည်။ ချွတ်လိုက်သည့်အခါ အရမ်းကိုဆွဲဆောင်မှုရှိသော ကြွက်သားများပေါ်လွင်နေ၏။ သမုဒ္ဒရာသည် ကြွေသွားရကာ နှုတ်ခေါင်းသွေးမလျှံပင်တော်။ စိုက်ခင်းထဲတွင်ရှိသော မိန်းမပျိုများလဲကြွေသွားရသည်။ သမုဒ္ဒရာ တချို့သော မိန်းမများကြည့်နေသောကြောင့်မခံမရက်နိုင်ဖြစ်ရပင်။

ပြန်လည် မွေးဖွား လာခဲ့သော  ချစ်ခြင်း။ Where stories live. Discover now