Part | 11 | Unicode

64 3 0
                                    

သမုဒ္ဒရာပြောတာလဲ မမှားပေ။ Caesarတစ်ယောက် သမုဒ္ဒရာ ၏ အပြောမှာသဘောကျသွားရတော့သည်။ ငါချစ်ရတဲ့ မြတ်နိုးသော် သမုဒ္ဒရာက သိပ်ကိုစကားတတ်ပါလား။

" အေးပေါ့ကွယ် မင်းသဘောပါပဲ အဖေကပြောပြရုံလေးပါ "

" ဟုတ် ကျွန်တော်နားလည်ပါတယ်ဗျာ ဒါနဲ့ မမ က ဒီနှစ်အိမ်ပြန်မလာဘူးလာ "

" ဒီနှစ်တော့မလာဖြစ်သေးဘူးတဲ့ "

" ဘယ်ဖြစ်မယ် ဒီလာရင် သူ့ကောင်လေးနဲ့မတွေ့ရမှာဆိုလို့ "

" ဟင် ဘယ်လို မင်းအမက ကောင်လေးရနေတာလာ ငါတို့ကိုလဲမပြောပြပါလား "

" သူ့ကောင်လေးက အုပ်ကြားမျက်ပေါက် တနှာရူးကို "

" မင်း သူ့ကောင်လေးကဘယ်သူလဲသိတာလား "

" အင်း ကျွန်တော် သူငယ်ချင်း မမ က ချစ်စရာသူရှားလို့ ကျွန်တော် သူငယ်ချင်းနဲ့ ယောက်ဖတော်ခိုင်းနေတယ် "

" အော် ဘာပဲဖြစ်ဖြစ်ပါကွာ တခြားသူတွေမဟုတ်တော့ မင်းသူငယ်ချင်းဆိုတော့ယုံရတာပေါ့ "

သမုဒ္ဒရာ တစ်ယောက်ဘယ်လောက်ယုံကြည်နေစေဖြစ်နေပါစေ သူငယ်ချင်းနဲ့ယောက်ဖတော်ရမှာမကျေမနပ်ဖြစ်နေကျေ။ ဒီလိုနဲ့ နာရီအနည်းငယ်ကြာသွားတော့အခါ တဖြေးဖြေးမှောင်လာကာ ညမိုးချုပ်သွားတော့သည်။

" Caesar ခင်ဗျား အိပ်ချင်နေပြီလား "

" အာ မအိပ်ချင်သေးပါဘူး "

" ကျစ် လူကသာမအိပ်ချင်ဘူးပြောနေတာ မျက်လုံးကတော့မှေးနေပြီးပဲ ကျွန်တော် အိပ်ဖို့ပြင်ပေးမယ် အိပ်လိုက်တော့ မဟုတ်ရင်ဖျားမယ် "

Caesarတစ်ယောက် သမုဒ္ဒရာ ၏ စကားကိုငြင်းမဲ့ပုံမပေါ်ပင်။ သမုဒ္ဒရာ အိပ်ဖို့အခန်းတစ်ခန်းနှင့် နေရာသေသပ်အောင်ပြင်ပေးလိုက်ကာ ဆောင်နှင့်ခေါင်းအုံး အသစ်ထုတ်ပေးကာ အခန်းထဲသို့ထည့်လိုက်သည်။ ထို့နောက် Caesarတစ်ယောက် အခန်းထဲဝင်သွားကာ သူအိပ်နေကြအခန်းမဟုတ်တော့ အနည်းငယ်ထူးခြားပင်၊ သို့သော်လည် သမုဒ္ဒရာနှင့် နေချင်လျှင် ဒီလိုသာအိပ်ရမည့်ဆိုသည့်မှာ Caesarတစ်ယောက် အိပ်ယာဝင်သွားသည်။

ပြန်လည် မွေးဖွား လာခဲ့သော  ချစ်ခြင်း။ Where stories live. Discover now