သမုဒ္ဒရာ မီးဖိုးကြောင်ထဲသို့ဝင်သွားကာ လက်သန့်စင်ပြီ ထမင်းခူးလိုက်ကာ ထမင်းကို ဇလုံးထဲထည့်၍ လက်ဖက်ထုပ်ယူကာ လက်ဖက်ကိုထမင်းနှင့်လက်ဖက်အောင်အသင့်တော်ထည့်လိုက်သည်။ထို့နောက် လက်ဖက်ပင် ထမင်းကိုသုပ်လိုက်သည်။ ကြောက်ဥတစ်လုံးကိုယူကာ ကြော်လိုက်သည်။ပြီနောက်ပန်ကန်တွင်သေသေသပ်သပ်ထည့်ပေးလိုက်သည်ကာ စားပွဲခုံပေါ်ချပေးလိုက်သည်။
" ကိုယ်က ဒါစားရမှာလား "
" ခင်းဗျားက ဒါမစားလို့ ဘာစားချင်နေတာလဲ "
" အဲ့လိုမဟုတ်ပါဘူး စားပါ့မယ် ၊ ဒါနဲ့မင်းကရော မစားဘူးလာ "
" ကျွန်တော် အခုသွားထည့်မ... "
" အမေယူလာပါတယ် ထလိုက် "
သမုဒ္ဒရာထိုင်ချလိုက်သည်။ သမုဒ္ဒရာ၏ အမေသည် အုန်းနို့ခေါက်ဆွဲထည့်ထားသည့်ပန်ကန်းကို ချပေးလိုက်ကာ Caesar နှင့် သမုဒ္ဒရာစားနေကြတော့သည်။ ထိုအချိန်တွင် သမုဒ္ဒရာ ၏ အဖေအိမ်ပြန်ရောက်လာသည်။
" သားရောက်နေတာပဲ "
" အော် ဖေဖေ ပြန်လာပြီးပဲ "
" အေး ဒါနဲ့ဒီကလူကလေးက "
Caesar ထိုင်ရာမှချက်ချင်ထကာ နှုတ်ဆက်လိုက်သည်။
" မင်္ဂလာပါ ဦးလေး ၊ကျွန်တော်နာမည်က Caesarပါခင်ဗျ "
" တွေ့ရတာဝမ်းသာပါတယ် ဒါနဲ့မင်း ကျောင်းသားဖြစ်ပုံမပေါ်ဘူးနော် "
" ကျောင်းသား မဟုတ်ပါဘူးဗျ "
" ဒါဆိုဘာသူတုံး "
" ကျွန်တော်က ဒီအတိုင်း အလုပ်နဲ့လူပါ "
" ဘယ်လို ၊ သမုဒ္ဒရာ မင်း ဒီကောင်လေးကို ဘယ်လိုသိတာတုံး "
" အဖေရယ် အဘိုးကြီးလို့ပြောတာမှ ဟုတ်အုံးမယ် ၊ ကျွန်တော်တို့က ဒီတိုင်းသိကြတာပါ "
" ဘယ်လို ဘယ်လို "
" ထားလိုက်တော့ အဖေ ဗိုက်စားနေပြီလာ "
" အေး "
" ကျွန်တော်သွားထည့်ပေးမယ်လေ "
" ရပါတယ် ငါမှသာသွားထည့်လိုက်မယ် ငါက ရေချိုးပြီမှစားမှာ "

YOU ARE READING
ပြန်လည် မွေးဖွား လာခဲ့သော ချစ်ခြင်း။
FanfictionဒီFicက just fictional ပါ မည်သူ့တစ်ဦးကိုမှထိခိုက်လိုချင်မရှိပါဘူး အကုန်လုံးက Fiction charactersတွေပါ၊ ဆဲဆိုခြင်းများပါဝင်ပါသည်။ ကြိုက်ကြမှ ဖတ်ကြပါ၊ မကြိုက်ရင်မဖတ်ကြပါရန်တောင်ဆိုးပါတယ် ဒီFicကယောက်ျားသားခြင်းနှစ်ယောက်ချစ်ကြိုက်ခြင်းကိုရေးထားပါသည်။