သမုဒ္ဒရာ သည် Caesar ၏ ရူးကြောင်ကြောင် အိမ်မက်ကြောင့် ခဏတား ကြောင်သွားသည် သို့သော်လဲ အရင်တုန်းကဖြစ်ခဲ့သည့် အိမ်မက်ဖြစ်နိုင်တယ်လို့တွေးထင်နေသည်။ ထူးဆန်းလှတဲ့ အိမ်မက်ပါလာဗျာ။
" သမုဒ္ဒရာ ငါ အိမ်ပြန်လို့မရသေးဘူးလား "
" မသိဘူး ကျွန်တော်သွားမေးပေးမယ်လေ "
" အင်း ကျေးဇူး "
" မလိုပါဘူး "
သမုဒ္ဒရာ အခန်းထဲမှ ထွက်သွားကာ Nuresရှိရာသို့ သွားသည်..။
" အမ ၊ အခန်း 201က လူနာကပြန်လို့မရသေးဘူးလာဗျ "
" ဟုတ်ကဲ့ ကျွန်မ ဒေါက်တာကိုမေးပေးပါမယ်နော် ခဏလောက်စောင့်ပေးပါရှင့် "
" ဟုတ် "
ထိုအမျိုးသမီးသည် ဒေါက်တာကိုဖုန်းဆက်လိုက်ကာ ဒေါက်တာသည်ပြန်ဖြေပေးလိုက်သည် ဖုန်းပြောပြီသည့်အခါ Nurseမသည် သမုဒ္ဒရာကို ပြန်ဖြေလိုက်သည်
" ဒီညပြန်လို့တော့ရပါပြီရှင့် ၊ ပြန်ဖို့သေချာတယ်ဆိုရင်သောက်ဆေးလုပ်ပေးထားပါမယ်ရှင့် "
" ဟုတ် သေချာပါတယ်ဗျ ၊ ဒီညပြန်ပါမယ် ၊ ကျွန်တော့်ကိုသွားခွင့်ပြုပါဦးဗျ "
ပြောပြီနောက် အခန်းထဲသို့ပြန်ဝင်သွားသည်
" ခင်များ ဒီညပြန်လို့ရပါတယ် "
" အင်း ဒါနဲ့ ခင်များလို့မခေါ်ပဲ Caesarလို့ခေါ် မဟုတ်ဘူး အဲ့တာခေါ်ရခက်တယ် ကိုကိုလို့ပဲခေါ် "
" ဘာဗျ! "
" ဟား ဟား ငါကစတာပါကွ "
" အမ် ဟုတ်ပါပြီ "
ဒီလူက ရူးကြောင်ကြောင်နိုင်လှချည်လား။ ဒီလိုနဲ့ ညရောက်သွားလေသည်..။
" ခင်များ လမ်းတော့လျှောက်နိုင်တယ်မလား "
" လျှောက်နိုင်ပါတယ် "
" အင်း သွားကြမယ် "
ပစ္စည်းများသိမ်းစရာမရှိ ဆေးများယူလာကာ ကားထဲသို့ဝင်သွားကြသည်
" မင်း ကို ဘယ်ချပေးရမလဲ "
" ဗျာ "
" ငါနေရာကိုပြောတာ "

YOU ARE READING
ပြန်လည် မွေးဖွား လာခဲ့သော ချစ်ခြင်း။
FanfictionဒီFicက just fictional ပါ မည်သူ့တစ်ဦးကိုမှထိခိုက်လိုချင်မရှိပါဘူး အကုန်လုံးက Fiction charactersတွေပါ၊ ဆဲဆိုခြင်းများပါဝင်ပါသည်။ ကြိုက်ကြမှ ဖတ်ကြပါ၊ မကြိုက်ရင်မဖတ်ကြပါရန်တောင်ဆိုးပါတယ် ဒီFicကယောက်ျားသားခြင်းနှစ်ယောက်ချစ်ကြိုက်ခြင်းကိုရေးထားပါသည်။