Part |1| Unicode

631 13 0
                                    

မြန်မာပြည်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တက္ကသိုလ်၊ နွေရာသီအချိန် ပူပြင်းလှ သည့်လေများ နှင့် အင်္ကျီအရှည်နှင့် ပုဆိုးဝတ်ထားသော ကျောင်းသားတစ်ဦးနှင့် ခေတ်မှီအဝတ်စားများဝတ်ထားသော အမျိုးသားတစ်ဦး ရုတ်တရက်လမ်းလျှောက်ရင်းတိုက်မိ့သွားကြသည် ကျောင်းသားလက်တွင်ကိုင်ထားသော် စာအုပ်များလဲ လက်ထဲမှပြုတ်ကျသွားလေသည်..အတူငုတ်တုပ် ထချလိုက်လိုက်ကာစာအုပ်များကူကောက်ပေးနေသည့်အမျိုးသားတစ်ဦးနှင့် ကျောင်းသားတစ်ဦးသည် မထင်မှတ်ပဲ စာအုပ်ကောက်နေစဥ် နဖူးချင်တိုက်မိ့သွားသည်..။

" အာ တောင်ပန်းပါတယ် "

" ရပါတယ် "

စာအုပ်များကောက်ပေးကာ ကျောင်းသားကိုစာအုပ်ပြန်ပေးလိုက်ကာ တက္ကသိုလ်ထဲသို့ဝင်ဖို့ပြင်စဥ်နေချိန် ရုတ်တရက်မေးလိုက်သည့်မေးခွန်း..။

" နေအုံး မင်းနာမည်ကဘာလဲ? ငါမင်းကိုမြင်ဖူးသလိုပဲ "

" ကျွန်တော့်နာမည်လား? သမုဒ္ဒရာလေ ကျွန်တော့်နာမည် က သမုဒ္ဒရာ "

" ဟင် မင်း ကိုအဲ့နာမည်ဘယ်သူပေးခဲ့တာလဲ "

" ကျွန်တော့်မိဘတွေလေ ရူးကြောင်ကြောင်နိုင်မှန်းသိပါတယ် ဒါပေမယ့် နာမည်က သူ့ဟာသူနဲ့တော့ အဆင်ပြေပါတယ် "

" ဘာအဓိပ္ပါယ်နဲ့ ပေးခဲ့ရတာလဲ "

" အဓိပ္ပာယ်က ရိုးရှင်းပါတယ်၊ ငြိမ်းချမ်း အေးမြခြင်းတဲ့ ၊ ကျွန်တော့်ကိုသွားခွင့်ပြုပါဦး အတန်းနောက်ကျတော့မယ် "

" ကျွန်တော့်နာမည်လား? သမုဒ္ဒရာလေ ကျွန်တော့်နာမည် က သမုဒ္ဒရာ ၊ အဓိပ္ပာယ်က ရိုးရှင်းပါတယ်၊ ငြိမ်းချမ်း အေးမြခြင်းတဲ့ "

" ကျွန်တော့်နာမည်လား? သမုဒ္ဒရာလေ ကျွန်တော့်နာမည် က သမုဒ္ဒရာ ၊ အဓိပ္ပာယ်က ရိုးရှင်းပါတယ်၊ ငြိမ်းချမ်း အေးမြခြင်းတဲ့ "

" ကျွန်တော့်နာမည်လား? သမုဒ္ဒရာလေ ကျွန်တော့်နာမည် က သမုဒ္ဒရာ ၊ အဓိပ္ပာယ်က ရိုးရှင်းပါတယ်၊ ငြိမ်းချမ်း အေးမြခြင်းတဲ့ "

ခဏခဏ ခေါင်းထဲတွင်ပေါ်လာသည့် စကားကြောင့် ထိုအမျိုးသားသည် တော်လည်း စိတ်ရှုပ်ထွေးပြီ တော် ခေါင်းကိုက်ကာ နားထင် ကို လက်ဖြင့်ဖိ့လိုက်သည်

ပြန်လည် မွေးဖွား လာခဲ့သော  ချစ်ခြင်း။ Where stories live. Discover now