Extra | 1 | Uni x Zg

45 1 0
                                    

" ကိုကို "

" လက်တောင်ထပ်ပြီးသွားပြီ မင်းလေးကဘယ်ချိန်အထိကိုယ့်ကို ကိုကိုလို့ခေါ်နေမှာလဲ ၊ ခေါ်ချင်ခေါ်ယောက်ျားလို့ခေါ်လေး "

" မခေါ်ချင်ပါဘူးဗျာ ၊ ရှက်စရာကြီး "

" ဒီထက်ရှက်စရာကောင်းတာလုပ်ပြရမလား "

" ရတယ်ရတယ် ၊ ကျွန်တော်ပူစားစရာရှိလို့ ဟီး "

" ကဲ ပြောပြာဦး ဘာများလဲ "

" ကိုကိုအားတဲ့တစ်နေ့ဟော့ပေါ့သွားစားချင်တယ် "

" အင်းး နောက်တစ်ပတ် စနေဆိုရင်ရော "

" ဟီးး အဆင်ပြေတယ် "

" ကိုယ့်ကလေးလေးအဆင်ပြေဖို့ပဲလိုပါတယ်ဗျာ ၊ အခုညမိုးချုပ်နေပြီ အိပ်တော့ "

" မအိပ်ချင်သေးဘူး ကိုကိုအိပ်မှအိပ်မယ် "

" ကဲ ပြောမရဆိုမရလေးပါလား "

Caesarတစ်ယောက်ကုတင်ပေါ်သို့တက်သွားကာ သမုဒ္ဒရာဘေးတွင်လှဲချလိုက်ပြီး သူ့ကလေးလေးသမုဒ္ဒရာကို သူ၏ရင်ခွင်ထဲထည့်လိုက်သည်။

" ကိုယ်အခုအိပ်မယ် ၊ မင်းလေးလဲအိပ်တော့ "

" ဟီး အဲ့တာကြောင့် ကိုကို့ကိုချစ်တာ "

" ကိုယ်ကပိုချစ်ပါတယ် ကိုယ့်ချစ်မဝလေးခင်ဗျ "

သမုဒ္ဒရာသည် Caesar၏ရင်ခွင်ထဲတွင် မိနစ်အနည်းငယ်ကြာသည့်အခါနှစ်ခြိုက်စွာအိပ်ပျော်သွားသည်။ Caesarလဲ သမုဒ္ဒရာနှင့်အတူအိပ်ပျော်သွားသည်။ လောကကြီးတွင်သူတို့နှစ်ယောက်ကလွဲ၍ဘယ်သူမှမရှိလို Caesarခံစားရသည်။
.
.
.
.
.
.
.
.
.
.
မနက်မိုးလင်းသည့်အခါ ကြက်တွန်သံများနှင့်ငှက်ခြူးသံများ စုံလင်စွာကြားရသည်။ နေသည်သမုဒ္ဒရာနှင့် Caesarတို့၏ အခန်းဘတ်သို့ထိုးလိုက်ကာ ၊ သူ့ရင်ခွင်ထဲမှာအိပ်နေသည့်ကလေးကို ဘေးခဏချကာ ၊ လိုက်ကာ (ကာ) လိုက်သည်။ ထို့နောက် အခန်းထဲမှထွက်သွားကာ ကော်ဖီတစ်ခွက်သွားဖျော်ပြီးနာရီကြည့်လိုက်တော့ 6:30 သာရှိသေးပင်။ ကော်ဖီခွက်ကိုသောက်ရင်းအိပ်ခန်းတခါးအပေါက်ဝမှာ ရပ်၍ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ၊ အေးဆေးနှစ်ခြိုက်စွာအိပ်နေသည့်ကလေးကိုကြညိ့ရင်ပြုံးမိသွားရသည်။ ငါတကယ်ကိုကံကောင်းတာပဲ ၊ ချစ်စရာကောင်းတဲ့ ထာဝရလက်တွဲဖော်ကိုရှာတွေ့ထားတာပဲ။

ပြန်လည် မွေးဖွား လာခဲ့သော  ချစ်ခြင်း။ Where stories live. Discover now