Part | 17 | Unicode

148 0 0
                                    

Caesarတစ်ယောက်သူ့အမေပြောထားတာတွေကိုပြန်မြင်ယောင်ပြီး အတွေးတစ်ခုဝင်လာတော့သည်...။ သူပြန်ထွက်ကြည့်လိုက်တာက သူ့အလုပ်ဝင်ငွေသည်။ 1နှစ် 6သန်းရသည်။ သူစုထားသည့်ပိုက်ဆံနှင့် သူ့အမေအမွေးပေးခဲ့သည့်နောက် Company တစ်ခုကို ပြန်လည်ကယ်တင်ပြီး ပျိုးထောင်မယ်ဆိုပါပဲ..။

>>>>>>>>>>>>>>>

၁လခန့်ကြာသော်အခါ...။

"  ပင်ပန်းလိုက်တာ "

" အံ့မယ် ၊ ငါ့သားကစာတွေကြိုးစားရလွန်းလို့ပင်ပန်းနေရှာပြီးပေါ့ "

" ဒါပေမဲ့လဲ ကြိုးစားရမှာပေါ့ ဟီးး "

" ဆက်ကြိုးစားပါကွယ် သားရည်မှန်းချက်ကို ပြည့်ကိုသာအောင်လုပ် "

သမုဒ္ဒရာ သူ့၏ Supportive ဖြစ်သော်အမေကြောင့်နေ့တိုင်းရက်တိုင်းလတိုင်းနှစ်တိုင်းအမြဲပျော််နေမိတော့သည်...။

>>>>>>>>>>>>>>>>>>>

" ရော့ ကွာရှင်းစာချုပ်! "

" ဟင် မင်း..နေပါဦး မင်းငါ့သမီးနဲ့ကွာရှင်းချင်တာသေချာလား? မင်းအဖေပေါင်ထားတဲ့ မင်းCompany ကိုငါပြန်ကယ်တင်ပေးရမှာနော် "

" ကျုပ်ကွာရှင်းချင်လို့ပေးတာပေါ့ "

ငွေ့သက်လွှာအဖေ ပျော်မပျော်တော့မသိပင်။ ငွေ့သက်လွှာ ကွာရှင်းစာချုပ်မြင်တာနဲ့တင်ရင်ထဲ တထိတ်ထိတ်ဖြစ်နေတော့သည်။

" အင်း မင်းပိုက်ဆံလဲမရတော့ဘူးနော် နောက်လဲမပတ်သက်ပါနဲ့တော့ မောင်ရင် ၊ ငွေ့သက်လွှာ လက်မှတ်ထိုးပေးလိုက်။ "

"ရှင်? ဒယ်ဒီ..တ..တကယ်လား? "

" အေး ဟုတ်တယ် "

ငွေ့သက်လွှာ စာပွဲခုံပေါ်က ဘောပင်ကိုယူကာ စာရွက်ကို စာပွဲခုံပေါ်တင်၍ ဘောပင်သည်..တဖြည်းဖြည်းနှင့်စာရွက်နားသို့နီးကပ်လာကာ ငွေ့သက်လွှာ၏ လက်မှတ်တဖြေးဖြေးချင်စီထိုးပေးလိုက်သည်။

Caesar နောက်ဆုံးတော့ ဒီ "ထောင်" ကြီးထဲကနေလွတ်လပ်ခဲ့ရပြီးလေ...။ တစ်လကြိုးစားမှုက အရာထင်ခဲ့မှန်းသိလိုက်ရလေပင်...။

ပြန်လည် မွေးဖွား လာခဲ့သော  ချစ်ခြင်း။ Where stories live. Discover now