Part--1

4.3K 48 3
                                    

❣️အချစ်ကွန်ချာ❣️{Part--1}
*******❣️********

မန္တလေးမြို့...

လူကုံတန်အသိုင်းအဝိုင်းတွေသာ နေသော
ဆိတ်ငြိမ်ရက်ကွက်ထဲရှိ မနော်ဟရီစံအိမ်ဆိုတာ မြင်သူတိုင်း နှစ်ခါပြန်မငေးဘဲ မနေနိုင်အောင် ခမ်းနားကြီးကျယ်လွန်းလို့ နာမည်ကြီးနေခဲ့တာ အပိုမဟုတ်မှန်း မိမိကိုယ်တိုင်ခြေချမိမှ လက်ခံမိတော့သည်။

ကားအဝင်အထွက်လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် ရဲရဲတောက်နှင်းဆီခင်းတွေက နေရာယူလျက်

ထိုနှင်းဆီခင်းတို့၏ တစ်ဖက်တွင် ငါးတစ်ကောင်၏ပါးစပ်မှ ရေတွေစီးကျနေဟန်ကို
ရေတံခွန်လိုလုပ်ထားပြီး နေရောင်ထဲတွင်တလက်လက်ထနေသော ငါးပဟက်တွေအ‌ေကြးခွံ‌ေတွကသလင်းကျောက်တွေဖြင့် ထွင်းထုထားခြင်းပါတဲ့။

ငါးမျက်စိကတော့ ကျောက်စိမ်းဖြင့် ပြုလုပ်ထားတာဖြစ်ပြီး ရေတံခွန်ထဲ ကူးလူးယှက်ဖြာနေသည့် ငါးရောင်စုံတွေက တန်ဖိုးခန့်မှန်း၍ ခက်လောက်အောင်ပါပဲ။

စံအိမ်၏ နံရံတွေမှာလည်း အလှစိုက်နွယ်တွေဖြင့် ပနံရနေလျက်

ကုန်းမြင့်ပေါ်တွင်ထည်ဝါတောက်ပနေခဲ့တာကို နေအခါး လက်ခံမိရင်းး

နောက်ထပ်အတွေးထဲ ထပ်ရောက်လာသည်က ဒီစံအိမ်ကို ကိုယ်ရောက်လာတာ family doctor အဖြစ်ရောက်လာတာမို့
ကျန်သည့်အရာတွေက မိမိနှင့်မသက်ဆိုင်ဟူသောအတွေးပင်။

စံအိမ်ရှေ့ကားရပ်လိုက်သည်နှင့်

" ကြွပါ...ဒေါက်တာ !
  ‌ဒေါက်တာ့ကို မျှော်နေကြတာ အားလုံး "

အသက် ၅၀ ဝန်းကျင် ဦးကြီးက ထိုသို့ပြောလို့ နွေးထွေးစွာ ခရီးဦးကြိုပြုရှာတယ်။

" ဟုတ်ကဲ့...!
  ဒါနဲ့ ဦးလရိပ်မြှားရော အိမ်မှာမရှိဘူးလား"

အိမ်ကြီး၏အရှင်သခင်ကို မမြင်မိ၍  မေးလိုက်မိတာပင်။

" ရိပ်က အလုပ်ကိစ္စချိန်းထားတာလေးရှိလို့
ဒေါက်တာမလာခင်လေးတင် သွားလိုက်တာကွဲ့ ! ဒေါက်တာလာရင် သေချာဂရုစိုက်
ပေးဖို့ မှာခဲ့ပါတယ် "

" ရပါတယ်ဗျ..."

" လာပါ...ဒေါက်တာ !
ဒေါက်တာနေရမယ့်အခန်းလိုက်ပြပါ့မယ်"

အချစ်ကွန်ချာWhere stories live. Discover now