Part--101

906 27 11
                                    

❣️အချစ်ကွန်ချာ❣️{Part--101}
*******❣️********

ဒီကနေ့ဟာ သော်ကငြိမ်စံအိမ်၏ အရှင်သခင်
ပထမသခင်ကြီးနှင့် ဆောင်းမခစံအိမ်၏ ဒုတိယသခင်လေး ရယ်

ဆောင်းမခစံအိမ်၏ပထမသခင်ကြီးနှင့်
မနော်ဟရီစံအိမ်၏ဒုတိယသခင်လေးတို့၏
လက်မှတ်ထိုးသည့်နေ့
နေ့ထူးနေ့မြတ်လေးသာဖြစ်သည်။

ထိပ်တန်းလုပ်ငန်းစု၏ မိသားစုချင်း တရားဝင်ပေါင်းစည်းခြင်းဆိုလည်း ပိုမှန်ပါလိမ့်မည်။

စံအိမ်သုံးခု၏ ‌မိသားစုရှေ့နေကြီးတွေဟာလည်း သော်ကငြိမ်စံအိမ်၏ဧည့်ခန်းထဲတွင်
ရောက်နေကြပြီဖြစ်သည်။

" ကဲ လူလည်းစုံပြီဆိုတော့ စလိုက်ကြစို့လား"

" ဟုတ်ကဲ့ပါ အန်ကယ်လ် "

မဖြစ်မနေ ဖိတ်ထားရသည့် ဧည့်သည်တချို့ကတော့ ဧည့်ခန်းရဲ့တစ်ဖက်ခြမ်းတွင် သီးသန့်စားသောက်ဝိုင်းဖြင့် တည်ခင်းပေးထားပြီဖြစ်သည်။

လူစိမ်းဆိုကြောက်သည့် ညီလေးက လူတွေမြင်တော့ အတင်းပုန်းကွယ်ပေမယ့် ရိုင်းက မရမကချော့မော့ကာ ရင်ခွင်ထဲထည့်ဖက်ထားခဲ့သည်က သူ၏ လက်မှတ်ထိုးပွဲမှာ ညီဖြစ်သူအား ရှိစေချင်၍သာ။

လက်မှတ်ထိုးတာတောင် ညီကို ဖက်လျက်သား လက်မှတ်ထိုးတာဖြစ်သည်။
ရိုင်း၏ အပြုအမူအတွက် မည်သူကမှလဲ အပြစ်မတင်ကြသလို အားလုံးကလည်း နားလည်ပေးကြသည်ပဲ။

" ကိုကို...ညီ ဗိုက်ဆာ "

လက်မှတ်ထိုးပြီး မိသားစုရှေ့နေတွေအား ဧည့်ခံနေရင်း စကားတမြည်ပြောနေကြစဉ်
ရိုင်းပုခုံးပေါ် ခေါင်းမှီကာ ငြိမ်သက်နေသည့် ညီက ရိုင်း မျက်နှာကို လက်ကလေးဖြင့် ထိကိုင်ကာ
ဗိုက်ဆာတယ်ပြောသံလေးက ရင်မှ ကရုဏာတရားတို့အား အစုလိုက် ဆွဲထုတ်လိုက်သည့်နှယ်။

နာရီကြည့်တော့ နေ့လည်စာစားချိန်နီးနေပြီမို့ ပုံမှန်ဆို အစားခဏခဏစားတတ်တဲ့ ညီလေးက ဒီနေ့တော့ မနက်စာစားပြီးကတည်းက မစားရသေးတော့ ဆာရှာပြီပေါ့။

" ကလေးက ဗိုက်ဆာနေပြီလား ၊
  ဟေ့ တစ်ယောက်လောက် ၊ ကလေးစားဖို့
  တစ်ခုခု ယူလာခဲ့စမ်း "

အချစ်ကွန်ချာWhere stories live. Discover now