Part--122

167 10 4
                                    

❣️အချစ်ကွန်ချာ❣️{Part--122}
*******❣️********
           ❣️❣️

မိုးလေကင်းစင်တဲ့ နံနက်ခင်းဟာ ဆောင်းအကြိုလေကြောင့် ခပ်စိမ့်စိမ့်ဖြစ်နေသလို
သစ်ရွက်ဖျားတို့ထက် နှင်းရည်စက်လေးတွေဟာ နေရောင်အောက်မှာ တဖျပ်ဖျပ်လက်နေခဲ့၏။

သော်ကငြိမ်စံအိမ်ထဲရှိ kitchen ထဲမှာတော့ စံအိမ်သခင်ကြီး ခံ့ညားစွာ ချက်ပြုတ်ပြင်ဆင်နေတဲ့ မြင်ကွင်းဟာ စံအိမ်အလုပ် သမားတွေအတွက်ကော အမျိုးသားဖြစ်သူကိုပါ ငေးစေနိုင်စွမ်းပါသည်။

" ကိုကို "

တစ်ပတ်စိတ်ကောက်တယ်ဆိုပြီး စိတ်ကောက်ပြေအောင် သူစားချင်တဲ့ မနက်စာကို ပြင်ဆင်ပေးရမယ်ဆို၍ ရိုင်း kitchen ထဲ ချက်နေတုန်း သစ်ငယ်အသံက ကျောနောက်မှ တိုးဝေ့လာသည်။

" ပြောလေ...သစ်ငယ် ၊
  သားလေးကော နိုးပြီလား "

ခေတ်ကတော့ ညီဖြစ်သူစိတ်ကောက်ပြေဖို့ chef ဝင်လုပ်နေရသည့် ကိုကို့၏ နံနက်ခင်းဆွဲဆောင်မှုကြီးကို ငမ်းလို့ဝမှ ခေါ်လိုက်တာဖြစ်သလို ကိုကို့ အမေးကိုလည်း ခေါင်းခါပြီးသာ ဖြေမိတယ်။

" ဒီမနက် ဘာစီစဉ်ထားလဲ ကိုကို "
  သစ်ငယ်ကိုပါ နှိုးလိုက်တာမဟုတ်ဘူးဗျာ
  ဝိုင်းကူပေးမှာပေါ့ "

" အာလူးပူရီလေး လုပ်ထားတယ် ၊
  ဆိတ်စွတ် နဲ့ နံပြားရယ် ၊ တိုရှည်ကောပဲ "
  မနှိုးတာက ညက သစ်ငယ် ပင်ပမ်းထား
လို့လေကွာ "

" အဟမ့်...
ကိုကို လုပ်တတ်တယ်လား ၊
  သစ်ငယ် တခြားဟာတွေချက်တတ်ပေမယ့်
  အိန္ဒိယစာတော့ မချက်တတ်ဘူး ၊
  ကိုကိုက တော်လိုက်တာဗျာ "

ရိုင်း လက်မောင်းကို ဖက်တွယ်ကာ ချီးကျူးနေပါသော သစ်ငယ်နဖူးကို ငုံ့နမ်းမိရင်း...

" သစ်ငယ်ရဲ့ယောက်ဖကြောင့်ပဲ တတ်သွား
  တယ်ဆိုပါတော့ ၊
  ညီညီက မနက်စာကို မရိုးအောင်စားတဲ့
  ကလေးလေ ၊
  ညီညီ စားချင်ရင် အဆင်ပြေအောင် ကိုယ်ပဲ
  ချက်ပေးချင်တာနဲ့ သင်ရင်း တတ်သွားတာ"

" ခါးလေးက တကယ့်အချစ်ခံလေးပါဆို "

" အဟွန်း...ကောက်တေးလေးပါကွာ "

You've reached the end of published parts.

⏰ Last updated: 16 hours ago ⏰

Add this story to your Library to get notified about new parts!

အချစ်ကွန်ချာWhere stories live. Discover now