Part--120

826 31 24
                                    

❣️အချစ်ကွန်ချာ❣️{Part--120}
********❣️********
            ❣️❣️

Moonshine group

ဥက္ကဌရုံးခန်းထဲ ဦးလရိပ်မြှားတစ်ယောက် ကွန်ပျူတာထဲ ခေါင်းစိုက်မတတ်အလုပ်လုပ်နေရင်း
လူကတော့ လန်းဆန်းမနေခဲ့။
ရိပ် ဒီတစ်လောထဲ ကိုယ်လက်တွေ ကိုက်ခဲနေတာ ကြာပြီဖြစ်သည်။
ဒီနေ့တော့ မဖြစ်ချေတော့။
မူပိုင်ဒေါက်တာလေးဆီ ဆေးကုသမှု သွားခံယူမှ ဖြစ်တော့မည်လေ။

စဖြစ်ကတည်းက မပြောလို့ ကိုယ့်ဒေါက်တာလေးက ကောက်တော်မူမလားမသိပေ။
ဦးရိပ် နေကောင်းလား ၊ ဘာဖြစ်နေလဲ မေးစကားတွေကို လှီးလွှဲပြီး အလုပ်များဟန်ဆောင် နေခဲ့တာ မဟုတ်လား။

" အစိုင်း "

" ဟုတ်ကဲ့ သူဌေး "

" ဒီနေ့ နေ့လည် ဘာလုပ်ဖို့ရှိလဲ "

" လေလံပွဲကို သွားရပါမယ် သူဌေး ၊
  တကယ်လို့ သူဌေးမသွားချင်ရင် ကျွန်တော်
  ပဲ သွားလိုက်ပါ့မယ် "

" ကျေးဇူးကွာ ၊ ငါ ငယ်လေးဆီ သွားမလို့
  ဒီရက်ထဲ တစ်ကိုယ်လူံးကိုက်ခဲနေတာ
  နေရအဆင်မပြေဘူး "

" ဖျားနေတာလား သူဌေး "

" မဟုတ်ဘူးကွ ၊
အဖျားမရှိဘဲ ကိုက်ခဲနေတာ "

" တုပ်ကွေးလက္ခဏာဖြစ်မယ် သူဌေး ၊
  ဖျားလည်းမဖျားဘဲ ကိုက်ခဲနေတာ "

ရိပ်က မျက်မှန်ကိုချွတ်ကာ ဆုံလည်ခုံကိုနောက်မှီချလိုက်ရင်း

" အေးကွာ ၊ နေရထိုင်ရအတော်ခက်တယ် "

" အဲ့ဒါဆို အစ်ကိုလေးဆီသွားပြီရင် အိမ်ပြန်
  နားလိုက်ပါ သူဌေး ၊
  ကျန်တာတွေ ကျွန်တော်လုပ်လိုက်ပါ့မယ်"

" ဒီဖိုင်တွေက ငါစစ်ရမယ့်ဟာတွေလေကွာ
  ငါ ယူသွားလိုက်မယ် အစိုင်း ၊
  ဒီဖိုင်တွေအပြင် တခြားစစ်ရမယ့် ဖိုင်တွေ
  ပါ ယူသွားလိုက်မယ် "

" ဟုတ်ကဲ့ သူဌေး ၊
  ကျွန်တော် ကားနားထိလိုက်ပို့ပါ့မယ် ၊
  ဒရိုင်ဘာခေါ်သွားလိုက်မလား "

" အင်း...ခေါ်သွားလိုက်မယ် "

အစိုင်းက ဖိုင်တစ်ထပ်ကိုင်ပြီး ရိပ်ကိုလိုက်ပို့ပေး၏။

အချစ်ကွန်ချာWhere stories live. Discover now