❣️အချစ်ကွန်ချာ❣️{Part--11}
*******❣️********" တီ တီ "
ဆောင်းမခစံအိမ်ရှေ့ ဟွန်းသံနှင့်အတူ ထိုးစိုက်လာသည့် ကားတစ်စီးထဲမှ ဆင်းလာသူက
သိပ်ချော သိပ်လှပြီး အပြစ်ဆိုစရာမရှိလောက်သော ပြည့်စုံခြင်းတို့ တစ်ယောက်တည်းအပိုင်စား
ယူထားသလား မှတ်ရတဲ့ မယ်မဒီ" လာ...မဒီ ! ကြီးနု လက်ရာ အုန်းနို့ခေါက်ဆွဲစား
ချင်တယ်ဆိုလို့ ဒီနေ့ ချက်ဖြစ်တာနဲ့ ခေါ်လိုက်တာ !
ထိုင်..."ထမင်းစားခန်းဆီ ကျော့ကျော့လေးပါလာပြီး သခင်သွေး၏ အလေးပေးမှုကို ဂုဏ်ယူနေဟန်ဖြင့်
မောက်မာမှု တစ်စွန်းတစမြင်နေရသော မျက်ဝန်းတွေကို မနှစ်သက်ဖြစ်နေမိကြတဲ့ ဒေါ်နု နှင့် မိဘုတ်
တို့ တူဝရီး" မိဘုတ်...ပြင်ဆင်ထည့်ပေးလေ !
ဘာငေးနေတာလဲ "အမယ်လေး သခင်သွေးရယ်
လှလို့ငေးနေတာမဟုတ်ဘူး သခင်သွေးမမြင်မိတဲ့
ဒီမိန်းမရဲ့ အတွင်းစိတ်ကို မြင်နေရလို့ မနှစ်မြို့စွာ
ကြည့်နေမိတာပါ ဟုကြိတ်ပြောရင်း လက်ကတော့ အသင့်စားလို့ရအောင် ပြင်ဆင်ထည့်ပေးနေမိတဲ့ မိဘုတ်။
မနက်စာစားရန် ဆင်းလာတဲ့ ခေတ်မှာလည်း ထမင်းစားခန်းထဲမှ မြင်ကွင်းကြောင့် မကျေမနပ် နောက်ပြန်ဆုတ်မိရင်း
* ကိုသွေးတို့က တရားလွန်နေပြီ *
ထမင်းစားခန်းဝမှ လှည့်အထွက် အိမ်ရှေ့မှနေ စတိုခန်းငယ်လေးထဲ ပြေးဝင်သွားသော မာန်လေးကြောင့် ခေတ် အနောက်မှ လိုက်သွားမိလျက်သား
" မာန်လေး...သား "
" အင့်...ဦးဦး ! အီး ဟီး ဟီး အဲ့မိန်းမကို မုန်းတယ် "
" သားရယ်...သိပ်နာကျင်နေပြီလား ကလေးရယ် "
" သား Daddy ကိုပါ မုန်းမိတော့မယ် ထင်တယ် !
Daddy တကယ်ပဲ အဲ့ဒီအန်တီနဲ့ မယူလောက်ပါဘူးနော် ဦးဦး ! သားကို ဖြေပါဦး ဟင် "ဦးဦး ဘယ်လို အဖြေမျိုးပြန်ပေးရမလဲ သားရယ်
" အဟင့်... Daddy လုပ်ရက်တယ် ဗျာ "
أنت تقرأ
အချစ်ကွန်ချာ
عاطفيةမာယာများတဲ့အချစ်ကြောင့် နောက်ထပ်မချစ်မိအောင်မာယာေတွနဲ့ကာကွယ်တတ်ခဲ့ပေမယ့် မင်းရဲ့ ဖြူစင်ရိုးရှင်းတဲ့ချစ်ခြင်းကတော့ ကိုယ့်နှလုံးသားရဲ့အကာအကွယ်နံရံတွေကို ပြိုပျက်စေတဲ့အထိ နူးညံ့စွာအင်အားပြင်းလွန်းခဲ့တယ် ( လရိပ်မြှား ) ကျွန်တော့် အပြုအမူတိုင်းက ရင်ထဲကလ...