❣️အချစ်ကွန်ချာ❣️{Part--26}
*******❣️********🎵 သူ အမုန်းများနဲ့ ရေးခြစ်ခဲ့ 🎶
🎼 အသဲကွဲဇာတ်လမ်းလေး 🎵
🎶 ငါ့ရဲ့ အချစ်တွေ ဖူးသစ်စ 🎼
🎼 ကျိုးလို့ကြေမွသွား 🎵
🎼 သူဟာ အစိမ်းလိုက် ခွဲ ပြီး 🎶
🎼 အသဲကို လွှင့်ပစ်ခဲ့ 🎶
" တောက်...ဘယ်ငလူးမသားက စောစီး ဒီသီချင်း
ကို ဖွင့်နေတာလဲ !
ကွန်ဒိုမှာ နေပြီး ပတ်ဝန်းကျင် စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်နေတာပဲ ငလူးတွေ "ယောင်းမကြီးကိုင်ပြီး ဝရန်တာထွက်ကာ ဒေါသတကြီးပြောနေတဲ့ ဦးဦးကြောင့် မာန့် မှာ ရယ်လည်းရယ်ချင် သနားလို့ ရယ်လည်း မရယ်ရက်ခဲ့။
သီချင်းစာသားတွေက ဦးဦးကို အပီအပြင် ခံစားစေလို့ထင်ပါရဲ့
မျက်စိမျက်နှာပျက်နေရှာသည်။" ဦးဦး "
" အမယ်လေး...လန့်လိုက်တာ သားရာ !
အမ် တူး တူးနံ့ သွားပြီ ! ကြက်သားတွေ တူးပြီ "အေပရွန်တကားကား ယောင်းမတကားကားဖြင့်
မီးဖိုခန်းဆီ ပြန်ပြေးပါသော ဦးဦးပုံစံက စိတ်နှင့်ကိုယ်က ခွာဟနေပုံ။" သားမာန်ရေ...ကြက်သားတွေတူးကုန်ပြီကွာ !
အာလူးေကြာ် နဲ့ ပုစွန်ထုပ်လေးပဲ ထည့်
သွားတော့နော် !
သားကြိုက်တဲ့ ပန်းစိမ်းလေးလည်း ပါတယ် !
နော် သားလေး "မျက်နှာချိုးသွေး ပြောလိုက်ကာမှ ရဲရဲစိုစို နှုတ်ခမ်းလေးက စူထော်လာပြီး
" ကြက်သားကြော်ပါဆို "
ဟု မကျေမနပ်ပြောလာခဲ့တော့ ခေတ်မှာ ထပ် မျက်နှာချိုသွေးရင်းကပဲ
" ညနေ ပြန်လာရင်စားနော် ...ဦးဦး ထပ်လုပ်ထား
ပေးမယ် ! လိမ္မာပါတယ် စိတ်မဆိုးပါနဲ့ ကွာ "" ပြီးရော ပြီးရော ဟွန့် "
" ချစ်ဖို့ကောင်းအောင် စိတ်မဆိုးပြနေနဲ့ ကွ !
မင်း Daddy ရှေ့ဆို ဟိုက အရူးကြီးလိုဖြစ်နေလိမ့်မယ် သိလား "" အွန့်... Daddy က လူဆိုးကြီး မခေါ်ဘူး "
နှုတ်ခမ်းတစ်ထောင်လောက်ထော်ပြီး ပြောပုံက သေချာပါတယ်
ကိုသွေးတို့ အရူးကြီးရူးရမှာ...
ESTÁS LEYENDO
အချစ်ကွန်ချာ
Romanceမာယာများတဲ့အချစ်ကြောင့် နောက်ထပ်မချစ်မိအောင်မာယာေတွနဲ့ကာကွယ်တတ်ခဲ့ပေမယ့် မင်းရဲ့ ဖြူစင်ရိုးရှင်းတဲ့ချစ်ခြင်းကတော့ ကိုယ့်နှလုံးသားရဲ့အကာအကွယ်နံရံတွေကို ပြိုပျက်စေတဲ့အထိ နူးညံ့စွာအင်အားပြင်းလွန်းခဲ့တယ် ( လရိပ်မြှား ) ကျွန်တော့် အပြုအမူတိုင်းက ရင်ထဲကလ...