Part 33

641 22 3
                                    

❣️အချစ်ကွန်ချာ❣️{Part--33}
********❣️********

" ဝိုးးး အရမ်းလှတာပဲ ဦးရိပ် "

အလုပ်ကိစ္စဖြင့် ပြင်ဦးလွင်ရှိ ဦးရိပ်၏ မနော်ဟရီစံအိမ်ကို ညဘက်ကြီး ရောက်လာခဲ့ကြတာဖြစ်သည်။
မန္တလေးက မနော်ဟရီစံအိမ်နှင့် ပုံစံတူပဲဆိုပေမယ့်
ပန်းအလှတွေကြောင့် ပြင်ဦးလွင်စံအိမ်က ညနေစောင်းမှာတောင် တိမ်တောက်ချိန်ကြောင့် ပိုလှနေခဲ့၏။

" ဒီမှာက ငယ်လေး မြင်းစီးချင်စီးလို့ရတယ် !
အနောက်မှာ ရှိတယ် !
ဒီညတော့ ညစာစားပြီး နားလိုက်ကြရအောင်လေ!
မနက်မှ လိုက်ပြပေးမယ် "

" ဟုတ်...ဦးရိပ် "

ပြင်ဦးလွင်၏ အအေးဓာတ်က ရန်ကုန်သားလေး ခါးကို ပညာပြနေသလိုလို။

" ချမ်းတယ်...ဦးရိပ် "

ဦးရိပ် ဂျာကင်ထဲ ခန္ဓာကိုယ်လေးတိုးဝင်ရင်းပြောတော့
အပြုံးတွေဖြင့် ပြန်ထွေးဖက်ပေးရှာသည်။

" ရေနွေးလေးနဲ့ ရေချိုးလိုက် ငယ်လေး !
ပြီးမှ ထမင်းစားကြမယ်...လန်းသွားအောင်ချိုးလိုက်
မြန်မြန်တော့ချိုး !
ကိုယ် ရေပူ ရေအေးစပ်ပေးမယ် "

" ဟုတ်ဗျ..."

ဦးရိပ် စပ်ပေးတဲ့ ရေပူ ရေအေးဖြင့် ခပ်သွက်သွက်ချိုးပြီးထွက်လာတော့ အဝတ်အစား အသင့်ထုတ်ပေးထားတဲ့ ဦးရိပ်ကြောင့် ဖျတ်ခနဲ မမှီမကမ်းဖြင့် မေးဖျားကို နမ်းလိုက်စဉ်

" ယာ့...ဦးရိပ် "

ရင်ခွင်ထဲပွေ့ဖက်ခြင်းခံလိုက်ရသည်က တပြိုင်နက်ပင်။

နဖူးပြင်မှာ နွေးခနဲဖြစ်သွားပြီး

" ကိုယ့်ကို မမြူဆွယ်နဲ့နော် ငယ်လေး "

" အမ်...ဘာမြူဆွယ်လို့လဲ ဦးရိပ်ကလည်း !
ဖယ်ပေးဦး အင်္ကျီဝတ်မလို့ "

ရှက်ရမ်းရမ်းပြီး တွန်းထုတ်ပေမယ့် ဖယ်မပေးဘဲ

" ကိုယ် ဝတ်ပေးမယ် ! မရုန်းနဲ့ ငယ် အအေးပတ်တော့
မယ် ငြိမ်ငြိမ်နေ ကွ "

" အာ့...ငယ်က ကလေးမှမဟုတ်တာ ဗျ "

" အင်း...ကိုယ်သိတယ် ! ချစ်လို့ကွ သိပ်ချစ်လို့ "

အချစ်ကွန်ချာحيث تعيش القصص. اكتشف الآن