Part 19

633 20 1
                                    

❣️အချစ်ကွန်ချာ❣️{Part--19}
********❣️*******

" အင်း "

ဟင် ငါ ဘယ်ရောက်နေတာလဲ

မျက်လုံးဖွင့်ဖွင့်ချင်း မြင်ရသည်က မျက်နှာကျက်ဖြူဖြူနှင့် ပနာတင့်နေသော လှပတဲ့ မီးဆိုင်းကြီး

ကျောပြင်၏အထိအတွေ့က နူးညံ့အိစက်နေသလို မျက်လုံးကစားကြည့်တော့ လိုက်ကာထူထူတွေကိုအရင်မြင်ရသည်။

ကုတင်ထက်မှ လှမ်းကြည့်လျှင် မျက်နှာချင်းဆိုင် နံရံထက်မှာက TV

အစစအရာရာ နေသားမကျသေးလို ခံစားရတာတော့ အမှန်။

အသေအချာပြန်တွေးမိမှ မာန်တို့ ဒီကွန်ဒိုရောက်နေတာ သုံးရက်မြောက်နေ့

သို့သော် မနက်နိုးတိုင်း အခုလိုဖြစ်မြဲ

ဦးဦးကတော့ နှိုးနှင့်နေပြီး မနက်စာပြင်နေလောက်ပြီထင်သည်။

" သားမာန်ရေ "

အသံနှင့်အတူ ဦးဦးက အခန်းထဲရောက်လာတာမို့
မာန် အိပ်ယာထက်မှ ထလိုက်ရင်း

" သား နိုးနေပါပြီ ဦးဦး "

" ဟုတ်ပါပြီဗျာ...!
လာနှိုးတာမဟုတ်ပါဘူး သားလေးရဲ့!
ခေါင်းကြည်ရဲ့လား မူးများနေမလား
စိတ်မချလို့ ခဏခဏ လာကြည့်နေတာပါဗျာ !  "

ဒါကတော့ ဒီကိုပြောင်းလာပြီးကတည်းက ဦးဦး အမြဲလုပ်နေကျပါပဲ။

" သား နေကောင်းပါတယ် ဦးဦး !
  သား မျက်နှာသစ်လိုက်ဦးမယ်နော် ဦးဦး "

" ကောင်းပါပြီဗျာ "

သားမာန် ရေချိုးခန်းထဲဝင်သွားမှ ခေတ်က စောင်ကိုခေါက်ကာ အိပ်ယာခင်းတွေသေချာပြန့်အောင်လုပ်ပြီး ခန်းစီးလိုက်ကာတွေကို ဖွင့်ချလိုက်တော့
မှန်တံခါးချပ်တွေနောက်မှ သနပ်ခါးပင် သစ်ခွအိုးတွေနဲ့ သျှားစောင်းပင်အိုးတွေကို စိတ်ကြည်လင်စွာ မြင်လိုက်ရသည်။

ဒီလောက် စနစ်တကျ လုပ်ထားပေမယ့် ကိုရိပ်က
မနေဘဲ ဘာလုပ်မှန်းမသိ။

ယခု ခေတ် တို့နေတဲ့ ကွန်ဒိုအားလုံးကလည်း ကိုရိပ်အပိုင်တွေသာဖြစ်ပြီး ဒီအခန်းကတော့ ကိုရိပ် သူရန်ကုန်လာလျှင်နေဖို့ စိတ်ကြိုက်ပြင်ဆင်ထားတာဖြစ်လောက်၏။

အချစ်ကွန်ချာWhere stories live. Discover now