❣️အချစ်ကွန်ချာ❣️{Part--59}
********❣️********သော်ကငြိမ်၏ မီးဖိုဆောင်ထဲတွင် တေးသံသာတို့
ထုံလွှမ်းလျက်...
နံနက်ခင်းဟာ သာယာနေခဲ့သည်။" ဦးရိပ်...ပုစွန် များများထည့် နော် ၊ ကင်းမွန်လည်း
များများထည့်ပေး "အေပရွန်ဝတ်လျက် သူချစ်ရသူအတွက် စားဖိုမှူးလုပ်နေသည့် ရိပ်၏ ခါးကို ဖက်ကာ ထိုသို့ ဆရာလုပ်နေသူလေးက ဒေါက်တာနေအခါးသာ ဖြစ်ပါ၏။
" ရွှတ်...တရုတ်ထမင်းကြော်ကို ပင်လယ်စာထမင်း
ကြော်ဖြစ်အောင် လုပ်နေတာလား ငယ်လေး "နဖူးထက် လှည့်နမ်းကာ ပြောမိတော့ ဟီးခနဲ ရယ်ပြလာပြီး
" နှစ်မျိုးစပ်ထမင်းကြော်လေ ဦးရိပ်ရဲ့ "
" ဟုတ်ပါပြီ...ငယ်လေးအကြိုက်ဖြစ်စေရမယ်
သွား အိမ်ရှေ့သွားနေချည် ၊
အနာကျက်ခါစကို အညှော်လာခံနေတယ်ကွာ
သွား ဦးရိပ်ရဲ့ အချစ်ဆုံးလေး "" အဟွတ် အဟွတ်...ခွေးစာမစားချင်ဘူးဟေ့ ၊
ပြန်ထွက်ပြီ "ကော်ဖီလာဝင်ယူသည့် ရိုင်းက ရယ်ရွှန်းဖောက်ကာ
ပြောပြီး ပြန်ထွက်သွားတာမဟုတ်ဘဲ ရိပ် အနားရောက်လာကာ ပခုံးဖက်လာပြီး..." ယောက်ဖတော်...မင်းမှာလည်းနော် တကယ့်
စားဖိုမှူးကြီးကျလို့ကွာ ၊ ငါ့ ညီက တကယ့် ငဆိုး
လေးကိုဖြစ်လို့ "" ကိုကို မလုပ်ပေးလို့ ညီက ဦးရိပ်ကို လုပ်ခိုင်းရတာ
နော့် ဦးရိပ် "" အဟွန်း...၊ အစ်ကိုကို ရစ်မနေနဲ့ ငယ်လေး
အိမ်ရှေ့သွားနေဆိုကွာ "" မြန်မြန်ဗျ ဗိုက်ဆာနေပြီ "
" အေးပါကွာ "
" ကိုကို ညီ့ကို ကော်ဖီ နည်းနည်း "
အိမ်ရှေ့ထွက်ခါနီး ရိုင်းဆီက ကော်ဖီတောင်းသောက်နေသည့် ညီက သူ့အခြေအနေ သူမေ့နေလားပဲ။
" ခါးတယ် ညီ ...သောက်လို့မရဘူး "
" နည်းနည်းတောင် မရဘူးလား ဗျ ကိုကိုရ "
မရစ်ရလျှင် မနေနိုင်ပါသော နေအခါးက ထိုသို့ ဈေးဆစ်တတ်ပါသေးတယ်။
KAMU SEDANG MEMBACA
အချစ်ကွန်ချာ
Romansaမာယာများတဲ့အချစ်ကြောင့် နောက်ထပ်မချစ်မိအောင်မာယာေတွနဲ့ကာကွယ်တတ်ခဲ့ပေမယ့် မင်းရဲ့ ဖြူစင်ရိုးရှင်းတဲ့ချစ်ခြင်းကတော့ ကိုယ့်နှလုံးသားရဲ့အကာအကွယ်နံရံတွေကို ပြိုပျက်စေတဲ့အထိ နူးညံ့စွာအင်အားပြင်းလွန်းခဲ့တယ် ( လရိပ်မြှား ) ကျွန်တော့် အပြုအမူတိုင်းက ရင်ထဲကလ...