Part 6

609 20 2
                                    

❣️အချစ်ကွန်ချာ❣️{Part--6}
********❣️*******

ရိုင်း ပြန်ရောက်ချိန်တွင် မျက်နှာမကောင်းစွာ ဆီးကြိုနေသည့် ဦးလေးဆိုင်ဖကြောင့် ဘာလို့လဲ
မေးမိတော့ ကြားရချက်က စိတ်မသက်သာစရာပါ။

ညီ့အခန်းကို သော့ဖွင့်ပြီးဝင်ကြည့်တော့ တံခါးနားတင် ခွေခွေလေးအိပ်ပျော်နေ၍ ရိုင်း ပွေ့ချီကာ အိပ်ယာပေါ် တင်ပေးခဲ့ရသည်။

ခေါင်မိုးထပ်ဆီသွားကြည့်တော့လည်း ဝိုင်ပုလင်းခွံတွေကြား ခေါင်းစိုက်နေသည့် ရိပ်။

" ရိပ်...ရိပ် ! ငါ ပြန်ရောက်နေပြီ ရိပ် ထတော့ "

ပခုံးကို အတင်းလှုပ်ခေါ်တော့မှ ဆတ်ခနဲ ခေါင်းထောင်လာသည့် ရိပ်က

" ရိုင်း...ပြန်လာပြီလား ! sorry နည်းနည်းများသွား
  တယ် သူငယ်ချင်းရာ ! ငါ စိတ်ရှုပ်နေတာနဲ့ သောက်မိသွားတယ်ကွာ "

" ဖြည်းဖြည်း...မင်း နားလိုက်တော့နော် ရိပ် !
  လာ မင်းကို အခန်းထဲလိုက်ပို့ပေးမယ် "

" ဟင်...အင်းပါ ! အေ့ ငါ နားတော့မယ် "

ရိပ်ကို အသာထိန်းလို့ အခန်းဆီခေါ်လာမိစဉ် ညီ့အခန်းရှေ့ရောက်တော့ ရပ်သွားပြီး

" ဒေါက်တာကလေးပေါက်လေးကွာ !
  ငါ့ကို စိတ်ဆိုးသွားတယ်...ငါလည်း ဘာတွေပြော လိုက်မိမှန်း မသိဘူး !
  အိပ်နေပြီလား...ဒေါက်တာနေအခါး အေ့ အိပ်နေ
  ပြီလား ကလေးပေါက်လေး "

ကိုယ့်ညီ အခန်းရှေ့ရပ်ပြီး အော်ခေါ်နေပါသော ရိပ်ကို ရိုင်း မတားဆီးမိတော့။

ဦးလေးဆိုင်ဖပြောပြလို့ သိရတာက တစ်ယောက်က မူးပြဲအောင်သောက်နေပြီး တစ်ယောက်က ငိုပြီးအခန်းထဲဝင်သွားတယ်ဟုသာ။

ဘာတွေ ဘယ်လိုဖြစ်မှန်း ကာယကံရှင်နှစ်ယောက်သာ အသိဆုံးဖြစ်မှာပင်။

" အိပ်လိုက်တော့...ရိပ် ! မင်း နားသင့်နေပြီ "

မရမက အခန်းဆီဆွဲခေါ်သွားပြီး အိပ်ယာပေါ်တင်ပေးလိုက်တော့  အင်း အဲ ဖြင့် ငြိမ်ကျသွားတော့၏။

ဟူးးးးးး ရိပ်ရယ် ဘာတွေ ဘယ်လိုဖြစ်နေရတာလဲ
ကွာ

သက်ပြင်းမောဖြင့်သာ သေချာအိပ်ပျော် မပျော် စောင့်ကြည့်ပြီး အိပ်ပျော်တာ သေချာမှ ရိုင်း ပြန်ထွက်ခဲ့ရင်း

အချစ်ကွန်ချာWhere stories live. Discover now