❣️အချစ်ကွန်ချာ❣️{ Part--121}
*******❣️********
❣️❣️သော်ကငြိမ်စံအိမ် 5:00 PM
" ကိုကိုကြီး "
" ဒက်ဒီ "
မူပိုင်ဒေါက်တာလေး၏ အမိန့်ဖြင့် ရေပူရေအေးစပ်ချိုးကာ ခဏမှေးဟန်ပြင်ပေမယ့် မမှေးဖြစ်ဘဲ အင်္ဂလိပ်ဝတ္ထုတစ်အုပ် ဖတ်နေမိသော ရိပ်ဟာ
စာအုပ်ထဲ ဈာန်ဝင်နေတုန်း ခေါ်သံစူးစူးလေး
တွေကြောင့် အာရုံပျက်သွားရပြီပဲ။" အချစ်တုံးလေးတွေ ကုမ္ပဏီမှာ လိုက်ရှုပ်ပြီး
ပြန်လာကြပြီပေါ့ ၊
နမ်းကြပါဦး ဟောဒီ ပါးနှစ်ဖက်ကို "လက်နှစ်ဖက် ဆန့်ကာ ရင်ဖွင့်ေခါ်ေတာ့ ရိပ်၏ တစ်ဖက်တစ်ချက်ဆီ တက်လာပြီး
လက်မောင်းဆီ တိုးဝင်ကာ ပါးကို ဘယ်ညာနမ်းကြ၏။" ကိုကိုကြီး နေမကောင်းဘူးဆို "
" ဒက်ဒီ နေမကောင်းဘူးဆို "
ဘယ်တစ်ယောက် ညာတစ်ယောက် ပွေ့ဖက်ထားရင်း ပါးအိအိလေးတွေကိုလည်း ရိပ် နမ်းမိရင်းပေါ့
ဒီချစ်စရာ ပေါက်စလေးတွေဟာလည်း ရိပ်၏ အသည်းကျော်တွေပါပဲလေ။" အင်း...နည်းနည်းပါကွာ ၊
သက်သာနေပါပြီ "ဘာမှထပ်မစပ်စုကြတော့ဘဲ ရိပ် ရင်ခွင်ထဲ တိုးဝင်ကာ ငြိမ်သက်နေကြပါသော ဒီချစ်စ ရာလေးတွေရယ်ပါ။
သားသားကို သွေး နှင့် ညီငယ် ကြိုရမယ့်အလှည့်ဆို ကြိုပြီးတာနဲ့ သွေးကကုမ္ပဏီခေါ်သွားတတ်တာ ထုံးစံ။
တစ်ခါတလေ အလုပ်တချို့ အရေးမကြီးလျင်တော့ အိမ်တန်းပြန်လာတတ်တယ် မထင်ပါနဲ့။ဒီကလေးနှစ်ယောက် ပူဆာသမျှ ခေါင်းငြိမ့် အလိုလိုက်တတ်သည့် သွေး ပါလေ။
ရိပ်ကော ရိုင်းပါ ခဏ ခဏ ဆူပေမယ့် သွေး၏ အလိုလိုက်ချက်က ထိန်းမနိုင်။" ကလေးတွေ ၊ ကိုရိပ်က နေမကောင်းဘူး
လေကွာ ၊ မင်းတို့က မှီထားကြရလား "အသံနှင့် အတူ ဝင်လာတဲ့ သွေးက ပြောရင်း ရိပ် ကုတင်စွန်းတွင် ဝင်ထိုင်၏။
" ကိုက်ခဲတာ သက်သာရဲ့လား ကိုရိပ် "
" သိပ်မသက်သာသေးဘူး ၊
ကိုက်ခဲနေတုန်းပဲကွာ "
YOU ARE READING
အချစ်ကွန်ချာ
Romanceမာယာများတဲ့အချစ်ကြောင့် နောက်ထပ်မချစ်မိအောင်မာယာေတွနဲ့ကာကွယ်တတ်ခဲ့ပေမယ့် မင်းရဲ့ ဖြူစင်ရိုးရှင်းတဲ့ချစ်ခြင်းကတော့ ကိုယ့်နှလုံးသားရဲ့အကာအကွယ်နံရံတွေကို ပြိုပျက်စေတဲ့အထိ နူးညံ့စွာအင်အားပြင်းလွန်းခဲ့တယ် ( လရိပ်မြှား ) ကျွန်တော့် အပြုအမူတိုင်းက ရင်ထဲကလ...