❣️အချစ်ကွန်ချာ❣️{Part--31}
*******❣️********ဆောင်းနံနက်ခင်းရဲ့ အအေးဓာတ်က ခေတ် ရင်ထဲထိ မထိုးဖောက်နိုင်ခဲ့ပါ။
ကိုကို့ဆီက အမုန်းကို ခံယူနေရတာက ခေတ် အတွက် ကန္တာထဲ လမ်းပျောက်သူလို ပူလောင်နေရတာ ကိုကိုသိပါ့မလား။Off ရက်ဆိုပေမယ့် အိမ်မှာလည်း မနေချင်၍ ခေတ် ကားပတ်မောင်းနေမိတာပင်။
ကိုကိုနှင့် ပထမဆုံးဆုံခဲ့သည့် Mall ရှေ့ရောက်တော့ အလိုလို ကားရပ်မိလျက်သား။" ဟယ်...မိန်းမတွေ ဟိုမှာကြည့်ပါဦး !
ကလေးလေးက ဝဝကစ်ကစ်လေး ချစ်ဖို့ကောင်း
လိုက်တာ "" ကလေးအဖေကလည်း အမိုက်စားပဲဟေ့ !
Body ကြီးက တောင့်ဖြောင့်နေတာပဲ "နံဘေးနားမှ မိန်းကလေးအုပ်ဆီက အသံကြောင့်
သူတို့ကြည့်ရာ လှမ်းကြည့်မိတော့" ဟင်...ကိုကို "
သားနှိုင်းလေးကို လက်ဆွဲလို့ Mall ထဲ ဈေးဝယ်နေသည့် ကိုကိုက မြင်နေကျအတိုင်း မရိုးသွားတဲ့ ဆွယ်တာလည်ပိတ်လက်ရှည်နှင့် စတိုင်လ်ပန်ကိုသာ ဝတ်ထားလျက်
သားနှိုင်းလေးနှင့် အရောင်တူဝတ်ထားတာမို့
မသိပါက သိပ်ကိုလိုက်ဖက်သည့် သားအဖတွေလို။အနားမှာ bodyguard တစ်ယောက်က အသင့်အထုပ်ဆွဲဖို့ပါလာပြီး သားနှိုင်းလေးနှင့် ဈေးဝယ်ထွက်နေသည့် ခေတ်ရဲ့ကိုကိုက Mall ထဲက မိန်းကလေး ယောက်ျားလေးတိုင်း၏ အကြည့်တွေနဲ့ မလွတ်အောင် သိပ်ကြည့်ကောင်းချောမောနေခဲ့သည်။
လွမ်းနေရတဲ့ရက်တွေအတွက် အဝေးကငေးရရုံဖြင့် ကျေနပ်ရပါတယ် ကိုကိုရယ်။
ကိုကိုကော ခေတ်ကို မလွမ်းဘူးလားလို့ မေးလိုက်ချင်တယ်။
အဖြေကိုတော့ သိနှင့်ပြီးသားဆိုပေမယ့်ပေါ့...ကိုကို နှင့် သားနှိုင်းလေး သွားရာနောက် မလှမ်း အကမ်းမှလိုက်ရင်း ခဏတိုင်း ကျမိတဲ့ မျက်ရည်တွေကို လူရုပ်မပျက်အောင် သုတ်ရတာလည်း အခါခါ
အမှန်ပါ အဟုတ်ပါ လို့ဆိုသော်ငြား တစ်ဖက်က
အလိမ်အညာပါဟု ထင်နေတဲ့အခါ နာကျင်ရုံကလွဲ
ထူးပြီးလည်း မတတ်နိုင်ခဲ့ပါချေ။" ဟင်...ဦးဦးခေတ် "
" ရှူးး "
အသံမထွက်ပေမယ့် သားနှိုင်းလေး၏ နှုတ်ခမ်းလေး စုလုံးထွက်လာ၍ မိမိကိုမြင်ပြီး ရေရွတ်လိုက်မှန်း ခေတ် သဘောပေါက်တာနဲ့ အသံတိတ် အချက်ပြရသည်။
မဟုတ်လျှင် ကိုကို စိတ်အနှောက်အယှက်ဖြစ်ရလိမ့်မည်လေ။
YOU ARE READING
အချစ်ကွန်ချာ
Romanceမာယာများတဲ့အချစ်ကြောင့် နောက်ထပ်မချစ်မိအောင်မာယာေတွနဲ့ကာကွယ်တတ်ခဲ့ပေမယ့် မင်းရဲ့ ဖြူစင်ရိုးရှင်းတဲ့ချစ်ခြင်းကတော့ ကိုယ့်နှလုံးသားရဲ့အကာအကွယ်နံရံတွေကို ပြိုပျက်စေတဲ့အထိ နူးညံ့စွာအင်အားပြင်းလွန်းခဲ့တယ် ( လရိပ်မြှား ) ကျွန်တော့် အပြုအမူတိုင်းက ရင်ထဲကလ...