Part--100

878 27 6
                                    

❣️အချစ်ကွန်ချာ❣️{Part--100}
*******❣️********

သော်ကငြိမ်စံအိမ် 4:00 PM

" တီ............"

" ဦးရိပ် ပြန်လာပြီ "

ကားဟွန်းသံကြားတာနဲ့ ထမင်းစားရင်း ပြေးထွက်သူက ခါးပင်။

ရိပ်မှာလည်း ကားပေါ်ကဆင်းပြီး နောက်ခန်းမှ ပစ္စည်းထုပ်တွေယူနေတုန်း အသံစာစာလေးဖြင့် အော်ကာ လာကြိုသူလေးကြောင့်
အမောတို့ပြေရသည်ပဲ။
ဘယ်လိုနေနေ အချစ်တွေသာ ပိုပိုတိုးလာရသည်က နှိုင်းပြစရာတောင်မရှိ။

" ဦးရိပ် "

" ဗျာ ဗျ ၊ ဘာတွေစားနေတာတုန်း ကလေး"

သာထူး လက်ထဲ ပစ္စည်းထုပ်တွေထည့်ပေးကာ ငယ့်အား ရိပ် ပွေ့ချီရင်း မေးလိုက်တာဖြစ်သည်။

" ထမင်း "

" ဘာနဲ့စားတုန်းဗျာ "

" ထုပ်ထုပ်နဲ့စားတာ "

" အာ "

ဘာပြောမှန်းမသိ၍ ရိပ် အသာပဲပြုံးနေမိတယ်။
ထမင်းပန်းကန်ကိုင်ပြီး အိမ်ပေါ်တက်လာသည့် ရိုင်းအား

" ခြံထဲမှာ ကျွေးတာလား ရိုင်း "

ရိပ် အမေးကို ရိုင်းက မျက်နှာရှုံ့မဲ့ပြကာ

" ဘယ်ကလာကွာ ၊
  သူ လျှောက်ပြေးနေလို့ လိုက်ကျွေးရတာ
ခြံတစ်ပတ်ပြည့်ပြီ ငါ့ကောင်ရေ ၊
  အလုပ်သမားတွေကို တွေ့တော့ အရင်လို
  ကြောက်ပြီး မပြေးဘဲ
  ရေတံခွန်ထဲက ကျောက်ခဲတွေနဲ့ ကောက်ထုနေလို့ အလုပ်နားခိူင်းထားရတယ် ၊
  တကယ့် ဟာလေး "

ပြောလည်းပြော ဆိုဖာပေါ်လည်း ခြေပစ် လက်ပစ် ထိုင်ချလိုက်သည်။
ရိပ်မှာသာ ရိုင်းပြောပြသည့် ကိုယ့်ချစ်ရသူလေး၏ ထိုအပြု အမူကြောင့် မရယ်ဘဲ မနေနိုင်ခဲ့။

" အဟွန်း...ငယ်လေးကတော့ကွာ ၊
  ထမင်းက ဘာနဲ့ကျွေးတာလဲ ရိုင်း "

" ပုစွန်ငါးဆုပ်ကို မုန့်ညှင်းနဲ့ထုပ်ပြီး ပေါင်း
   တာရယ် ၊ ပုစွန်ထုပ်ရယ် ၊ ကင်မွန်းချဉ်ရွက်
   ဟင်းချိုလေးရယ် ၊
  ဘာဖြစ်လို့လဲ "

" ဪ...မသိပါဘူးကွာ ၊ ငါမေးတော့
  ထုပ်ထုပ်နဲ့စားတယ်ဖြေလို့ "

အချစ်ကွန်ချာWhere stories live. Discover now