❣️အချစ်ကွန်ချာ❣️{Part--58}
*******❣️********" Daddy "
တိုးညှင်းသည့် ခေါ်သံလေးဟာ အခါပေါင်းရယ် မနည်းတော့ပါ။
မျက်ရည်စတွေ စိုလူးရုံမက ဖြူဝင်းနေသည့် ပါးမို့မို့ ဖောင်းဖောင်းလေးထက် တလိမ့်လိမ့်ကျဆင်းနေ
သည့် မျက်ရည်စီးကြောင်းတွေဟာ မရပ်တန့်ခဲ့။ဘာဘီရုပ်လေးလိုလှပသည့် ထိုလူသားအရုပ်လေး
၏ လှပသောမျက်ဝန်းတစ်စုံကတော့ ဆေးပိုက်တို့
ဖြင့် လဲလျောင်းနေသော လူဆီမှာသာ ရပ်တန့်ရင်းသာ..." ဟင်းးးးးးး "
ဒေါက်တာမာန်ပြည့်သျှင်ဆီမှ ထွက်ကျလာသော
သက်ပြင်းချသံက တိတ်ဆိတ်သောအခန်းတွင်းဝယ် သိသာစွာထွက်ပေါ်လာခဲ့ပြီး" လွန်းခေတ်တမာန်...တိတ်ပါတော့လား သား ၊
သားရဲ့ Daddy က ခဏနေနိုးလာတော့မှာပါ ၊
သူနိုးလာလို့ သားကငိုနေမယ်ဆို စိတ်ကောင်းမယ်
မထင်ဘူးနော် ၊
ရောဂါပိုတိုးနေရင် ဘယ်လိုလုပ်မလဲ "" Daddy ကို နှိုးပေးပါ ၊ Daddy ကို အဲ့လို လှဲနေတာ
မမြင်ချင်ဘူး ၊ ဟောဒီနေရာက နာတယ် "သူ့ဝဲဘက်ရင်အုံကို လက်ကလေးထောက်ပြကာ ပြောနေသည့်အခါ King ဆိုသော လူသားကြီးသာ
မက မာန်အပြည့်နှင့် နွမ်ခန်ပါ အံကြိတ်မိသွားကြသည်က အမှန်ပင်။" အင်းးး "
ထိုစဉ် ငြီးသံသဲ့သဲ့နှင့်အတူ မှေးမှိတ်ထားသည့် မျက်ခွံတွေ လှုပ်ခတ်လာသည့် သွေးကြောင့် အားလုံးလှုပ်လှုပ် ရှားရှားဖြစ်ကုန်ကြသည်။
" Daddy... Daddy ကြီး ၊ သားမာန်လေးကိုကြည့် "
နူးညံ့ချိုလွင်တဲ့ အသံလေးအကြားမှာတော့ အသေအချာ ပွင့်လာပါသော မျက်ဝန်းတစ်စုံ
" သားမာန်လေး "
ခေါ်သံဟာ တိုးညှင်းလှပေမယ့် အနားကပ်နေသည့် မာန်လေးကတော့ သေချာကြားပါသည်လေ။
" Daddy ...သားမာန်လေး အရမ်းစိတ်ပူနေတာ "
" Daddy ဘာမှမဖြစ်ပါဘူးကွာ "
" Daddy ညာတယ် ၊ Daddy အကြာကြီး အိပ်နေတာ သိရဲ့လား "
" အိပ်ရေးပျက်တာများလို့ပါ baby ရယ် "
YOU ARE READING
အချစ်ကွန်ချာ
Romanceမာယာများတဲ့အချစ်ကြောင့် နောက်ထပ်မချစ်မိအောင်မာယာေတွနဲ့ကာကွယ်တတ်ခဲ့ပေမယ့် မင်းရဲ့ ဖြူစင်ရိုးရှင်းတဲ့ချစ်ခြင်းကတော့ ကိုယ့်နှလုံးသားရဲ့အကာအကွယ်နံရံတွေကို ပြိုပျက်စေတဲ့အထိ နူးညံ့စွာအင်အားပြင်းလွန်းခဲ့တယ် ( လရိပ်မြှား ) ကျွန်တော့် အပြုအမူတိုင်းက ရင်ထဲကလ...