Chapter (203) Arc 3
အိုးယန်ရွှမ်းကို သတ်လိုက်!"ငါ့လူး!"
"လုရွှမ်က ကျောင်းအုပ်ကြီးရဲ့ မျက်နှာကို ကန်လိုက်တာလား?"
"အရူး.... လုံးဝအရူးပဲ ဒါမဖြစ်နိုင်ဘူး... ငါအမြင်မှားတာ ဖြစ်ရမယ်"
လူအုပ်ကြီးသည် ကျောင်းအုပ်ကြီး အပါအဝင် အခြားသူများနှင့် ဝေးကွာသွားကာ ၎င်းတို့နှစ်ဦးကြားက စကားစမြည်ကို မကြားရတော့ပေ။ လူငယ်သည် သူ့ထံသို့ လာကာ ခြေဖြင့် ကန်ကျောက်၍ ဆံပင်ကို ဆွဲကုတ်လိုက်သည်ကိုသာ မြင်ရုံမျှဖြင့် ထိတ်လန့် တုန်လှုပ်သွားကာ ရူးသွပ်လုမတတ် ဖြစ်သွားကြသည်။
သူက ဘယ်သူလဲ?
ယင်းယန်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးလေ!
သူဒဏ်ရာ ရထားရင်တောင်မှ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ရဲ့ အဆင့်၈မှာ သန်မာတဲ့ သူတစ်ယောက် ဖြစ်နေတုန်းပဲ။ သူ့ရဲ့အဆင့်အတန်းနဲ့ အထောက်အထားက အားလုံး ဖော်ပြနေပြီးသား။
အသည်းအသန် မလုပ်နေဘဲ သူတက်သွားသည်နှင့် မျက်နှာချင်းဆိုင်ကာ ကန်ထုတ်လိုက်တော့သည်။
ကျောင်းအုပ်ကြီးရဲ့ ဒေါသကို နှိုးဆော်မိပါက အလွယ်တကူ ထုတ်ပယ်ခံရ နိုင်သည်ကို မသိပါတကား။
အဓိက ကတော့ ဆရာ့ဂုဏ်သိက္ခာပင်။ ဂုဏ်သိက္ခာနဲ့ သိမ်ငယ်မှုမှာ ကွာခြားမှု ရှိ၏။ အကြီးအကဲ အများအပြားရှေ့မှာ ကျောင်းအုပ်ကြီးကို တိုက်ရိုက် ကန်ကျောက်ပစ်တယ်တဲ့လား။
လူတိုင်း တင်မကဘဲ မုယန်ဖုန်းနဲ့ တခြားသူတွေက မြေပြင်ပေါ် မူးလဲကျလုနီးပါး တုန်လှုပ် ခြောက်ခြားစွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
သခင်လေးသည် ကျောင်းအုပ်ကြီးကို မတွေ့ဖူးသောကြောင့် သူနှင့် မည်သို့ရန်သူ ဖြစ်လာနိုင်မည်နည်း။ ထပ်ပြီး မျက်နှာကို ကန်ပစ်လိုက်တာက ဒီလိုနည်းနဲ့ ရန်ငြိုးဖွဲ့မိသွားကာ သေလမ်းကို ပြေးရှာနေတာနဲ့ မတူသွားဘူးလား။
"ငါမင်းကို သတ်ပစ်မယ်!!"
ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းမှာ ပိုလို့တောင် အံ့သြသွားသလို ကြောင်တောင်တောင်နဲ့ မတ်တပ်ရပ်ရင်း အချိန်အတော်ကြာတော့ သူ့မျက်နှာက ရက်စက်မှုတွေ ပြည့်နှက်လာကာ အရူးအမူး ဟောက်လိုက်လေသည်။
YOU ARE READING
ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)
FantasyArc 3 chapter (160) ရဲ့ အဆက်ပါ Arc 3 chapter (160) ရဲ႕ အဆက္ပါ