Chapter (93) Arc 4
ယဲ့ကူကျောင်းကျန့် တိတ်တဆိတ် သူ့တံတွေးကို မျိုချလိုက်မိသည်။ သခင်လေးမှာ မျှော်လင့်ထားသည့်အတိုင်း ဤမျှ ကြီးမားသော မြင်ကွင်းအောက်တွင် သူ၏အမူအရာက မပြောင်းလဲသေးပေ။
သူတွေးနေသည့် အရာမှာ ၎င်းကိုမည်သို့ ကိုင်တွယ်ရမည် ဟူသည့် နည်းလမ်း မဟုတ်နေပေ။ ရန်သူအင်အား အနည်းငယ်ကို အနိုင်ယူလိုက်ခြင်းဖြစ်ပြီး သူ၏လေးစားမှုမှာ အတိုင်းအတာတစ်ခု အထိ ကျော်လွန်သွားခဲ့မှာပဲ ဖြစ်သည်။
သူတို့နှစ်ယောက်က တခြားသူတွေကို မခေါ်သွားဘဲ ထွက်လာခဲ့သည်။ တခြားသူတွေက လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိကြဘူးလေ။
အခင်းအကျင်း မှော်အဝိုင်းထဲမှာ စွမ်းအားတွေ အများကြီး တွေ့နိုင်ပေမယ့် ဒီအင်အားစုတွေရဲ့ စွမ်းအားကို စိတ်ကူးကြည့်နိုင်သည်။ အခင်းအကျင်း စက်ဝိုင်းကြီးထဲကနေ တကယ်တမ်း ထွက်လာပြီး မြို့အပြင်က အင်အားရဲ့အရှိန်နဲ့ ရင်ဆိုင်လိုက်တဲ့အခါ ကျောင်းကျန့်ဟာ ရုတ်တရက်ဆိုသလို မတည်မငြိမ် ဖြစ်လာခဲ့သည်။။
သူ့မျက်နှာက ဖြူဖျော့သွားပြီး မည်းမှောင်နေတဲ့ အပြင် ပါးပြင်တွေ နီမြန်းနေပြီး အသက်ရှုသံတွေက အရှိန်အဟုန် ပြင်းပြင်းနဲ့ မထိန်းနိုင်ဘဲ ဖြစ်သွားသည်။
တစ်ဖက်တွင် သူတော်စင်တစ်ပိုင်း တစ်ရာထက်မနည်း ရှိနေကြပြီး လူတစ်ဦးစီရဲ့ တံတွေးတွေကတင် သူ့ကို ရေနစ်စေလောက်အောင်ပင်။
ထိုစဥ် လက်ဖဝါး တစ်ဖက်က ကျောင်းကျန့်ပခုံးကို ဆုပ်ကိုင်လာခဲ့သည်။
"စိတ်မပူနဲ့... အရာအားလုံး ငါ့လက်ထဲ အပ်ထားလိုက်"
ကျောင်းကျန့် နားမလည်နိုင်သော်လည်း ငြိမ်သက်သွားခဲ့သည်။ ကျေးဇူးတင်စွာ ပြုံးကာ သူ့ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထားကာ လုရွှမ်ကို အတုယူကာ လူတိုင်းကို စိုက်ကြည့်နေလိုက်သည်။
သေချာတာကတော့ လူတိုင်း၏ မျက်လုံးများတွင် လုရွှမ်သည် ငြိမ်သက်ခြင်းဟု ခေါ်ပြီး ကျောင်းကျန့်သည် ဟန်ဆောင်မှုဟု ခေါ်လေသည်။
YOU ARE READING
ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)
FantasiaArc 3 chapter (160) ရဲ့ အဆက်ပါ Arc 3 chapter (160) ရဲ႕ အဆက္ပါ