Chapter (111) Arc 4
သာလွန်သောဖြစ်တည်မှုကြီးမားတဲ့ အခင်းအကျင်းရဲ့ အပြင်ဘက်မှာ သူတော်စင်တစ်ပိုင်းတွေ အများကြီး စုဝေးနေ၏။ လုရွှမ်တို့ကို တားဆီးထားသော အခင်းအကျင်းကြီးကြောင့်သာ မဟုတ်ရင် ဒီအချိန်မှာ လူတိုင်းက သူတို့ကို တိုက်ခိုက်လာကြလိမ့်မည်။
လုရွှမ်သည် ဤလူများ သူ့အာရုံထဲက ဘေးဖယ်ထားကာ တမင်တကာ ဖယ်ထုတ်ထားသော အခင်းအကျင်း မျက်လုံးရှေ့သို့ လျှောက်သွားလိုက်သည်။ ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ လေများနှင့် တိမ်တိုက်များက လှိုင်းထန်လာကာ အမျိုးမျိုးသော တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဟားဟား... ဒါလား အခင်းအကျင်းရဲ့ အရှင်သခင်.... ဟမ့် နည်းနည်းလေး ကံကောင်းနေလို့ပါကွာ... ငါ့ရဲ့ အခင်းအကျင်းထဲမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားရတော့မှာ ဆိုတော့ မင်းရဲ့ ပုံသဏ္ဌာန်အမှန်ကို ပြသလာပြီပေါ့ ဟုတ်လား??"
အခင်းအကျင်းရဲ့ အပြင်မှာရှိတဲ့ အစီအရင်ကို ဦးစီးသူ အခင်းအကျင်း ပညာရှင်က ကျယ်လောင်စွာ ရယ်မောလိုက်ပါ၏။
လွန်ခဲ့သည့် ရက်အနည်းငယ်တွင် လုရွှမ်မှာ အခင်းအကျသ်း ဆရာကြီးဖြစ်ကြောင်း ကြားလိုက်ရသောကြောင့် အလွန်အမင်း မယုံနိုင်ဖြစ်ခဲ့ရသည်။
နတ်ဆေးလုံးမြို့ကို လွှမ်းခြုံထားတဲ့ ကောင်းကင် ကြယ်အစုအဝေး အခင်းအကျင်းကို သူလည်း သွားကြည့်ခဲ့ဖူးသည်။ မြင်တွေ့ပြီးနောက် ပိုပြီး မယုံနိုင်အောင် ထိတ်လန့်သွားခဲ့ရသည်။
ယခုအချိန်တွင် လုရွှမ်သည် သူချထားသော ထောင်ချောက်ထဲသို့ လှမ်းဝင်သွားတာကို တွေ့ရတော့ ထိုပညာရှင်မှာ သက်တောင့်သက်သာ ခံစားလိုက်ရ၍ ပို၍ပင် တက်ကြွလာခဲ့သည်။
လုရွှမ်ကတော့ သူ့နှလုံးသားထဲမှာ လှောင်ရယ်မိဆဲပင်။ အပြင်မှာရှိတဲ့ အခင်းအကျင်း ဖွဲ့စည်းသူတွေက ရေမပြည့်သေးတဲ့ ပုလင်းတစ်ဝက်လေးများ ဖြစ်ကြောင်း တစ်ချက်လောက် ကြည့်ရုံနဲ့ကို ပြောနိုင်သည်။
အခင်းအကျင်း မျက်စိ ကဲ့သို့သော အရာများကို ဝှက်ထားနိုင်သလို ထုတ်လွှတ်ပေးနိုင်သည်ကို သင်သိထားရမည်။ သို့သော် အခင်းအကျင်း၏ ဟာကွက်များကို စီစဉ်ရန် အခင်းအကျင်း မျက်စိကို အသုံးပြုရသေးသည်။
YOU ARE READING
ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)
خيال (فانتازيا)Arc 3 chapter (160) ရဲ့ အဆက်ပါ Arc 3 chapter (160) ရဲ႕ အဆက္ပါ