Chapter (107) Arc 4
လေပြင်းလက်ဝါးလုရွှမ် တိတ်ဆိတ် ငြိမ်သက်စွာ ပုန်းနေပေမယ့် သူ့နှလုံးသားက တုန်လှုပ်သွားခဲ့သည်။ သူ့ကို ရှာတွေ့သွားပြီမှန်း သိလိုက်ရသလို သူတို့နှစ်ဦး၏ ခွန်အားကို လျှော့တွက်မိလိုက်ကြောင်း သူ့ကိုယ်သူလည်း သဘောပေါက်လိုက်သည်။
သေချာတာပေါ့။ လုရွှမ် ပုန်းနေတဲ့ နေရာကို ဝိညာဉ်စွမ်းအင် အလင်းတန်းတွေ စီးဆင်းလာပြီး ပစ္စည်းတစ်ခု ပြေးဝင်လာသည်။ ထိုအခိုက် ရှေ့က အမျိုးသမီးအသံကလည်း ထွက်ပေါ်လာသည်။
"ဆရာတူမောင်လေး.... ယွိလင်းလုံကို ယူပြီး မြန်မြန်သွားတော့... ငါကူပြီး ခဏလောက် တားထားပေးမယ်"
လုရွှမ် သူ့စိတ်ထဲက ကျိန်ဆဲလိုက်မိသည်။ ဒီအမျိုးသမီးကတော့ တကယ်ကို မုန်းတီးစရာပဲ။ ဟိုလူက သူမကို မိစ္ဆာမလို့ ခေါ်တာ မဆန်းတော့ပါဘူး။
ထိုပျံသန်းလာသည့် အရာနှင့် ပတ်သက်၍ လုရွှမ် ၎င်းကိုပင် ကြည့်ပင်မကြည့်ဘဲ ကောင်းကင်ထက်သို့ ပျံတက်လာခဲ့ကာ ၎င်းတို့ သုံးယောက်သား တြိဂံပုံသဏ္ဌာန် မျက်နှာမူလိုက်သည်။
"ဒီကနှစ်ယောက်... ငါ ယွိလင်းလုံကို မင်းတို့နဲ့အတူ လုဖို့ စိတ်မ၀င်စားဘူး.... မင်းတို့နဲ့ လှည့်စားနေဖို့လည်း ငါ မအားဘူး... ငါ ဒီလမ်းကို ရောက်လာတာ ဝိညာဥ်သားရဲ တစ်ကောင်လောက် ဖမ်းချင်ရုံပဲ... မင်းတို့နဲ့လည်း မတော်တဆ တွေ့တာ... အဲ့တော့ မင်းတို့ဘာသာ ဆက်လုပ်ကြ"
"စကားမစပ်... တခြားလူတွေကို ဆရာတူမောင်လေးလို့ ပေါ့ပေါ့တန်တန် မခေါ်နဲ့.... ငါမင်းထက် အသက်အများကြီး ကြီးတယ်"
လုရွှမ် ထိုမိန်းကလေးကို ပြောပြီးတဲ့အခါ လှည့်ပြီး ထွက်သွားဖို့ ပြင်လိုက်သည်။
"ရပ်စမ်း!" တုံးဖန်းပိုင်က အော်လိုက်သည်။
"မင်းဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး... မင်းဒီကိုရောက်နေပြီဆိုတော့ ထွက်သွားဖို့တောင် မစဉ်းစားနဲ့"
တစ်ဖက်က မိစ္ဆာမကလည်း
"မောင်လေး... မင်းက ငါ့ထက် အသက်ကြီးတယ်ပေါ့ ဟားဟား... ဘယ်နားကများ အသက်ပိုကြီးလို့လဲ... ယွိလင်းလုံက ရတနာတစ်ခုပဲ ငါတို့ရဲ့ ဆရာတူအစ်ကို တုံးဖန်းပိုင်က ယွိလင်းလုံကို သူယူချင်နေတဲ့ အကြောင်း တခြားသူတွေကို မသိစေချင်ဘူး.... အခုတော့ မင်းသိသွားပြီ"
YOU ARE READING
ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)
FantasyArc 3 chapter (160) ရဲ့ အဆက်ပါ Arc 3 chapter (160) ရဲ႕ အဆက္ပါ