CH 1 ( 6.12.2023)

2.9K 68 2
                                    

မြူမှုန်ဖွဲဖွဲကျနေသည့် ဆောင်းရာသီမနက်ခင်းအလှကို ကြည့်ရင်း နှိုင်းရှိန်ဇေယျာ အသက်ဝဝရှုလိုက်လေသည်။ လက်ထဲမှာလဲ ကော်ဖီခွက် ကိုင်ရင်း။
"ပါး......."
ခါးအနောက်က သိုင်းဖက်ပီး ​ပြောတဲ့စကားသံကြောင့် နှိုင်းရှိန် လှည့်ကြည့်မိရာ ဆောင်းရာသီအလှနဲ့ တာရာခွန်းချို ရဲ့ အပြုံးလေးတွေက ထပ်တူကျနေလေသည်။
"နိုးပီး ကလေး"
"ဟုတ် နိုးပီ ပါး"
........
" ဘာပြောချင်လို့လဲ ကလေး ပြောလေ"
တစ်ခုခုလိုချင်လျှင် အောက်နှုတ်ခမ်းလေးကိုကိုက်ပြီး လက်နှစ်ဖက်ကိုပွတ်တတ်သည့် ခွန်းချို
အခုလဲ လက်နှစ်ဖက်ကို ပွတ်နေသောကြောင့် ဇေယျာနောင် အလိုက်သိစွာဖြင့် မေးလိုက်ခြင်းဖြစ်သည်။
"ခွန်းချို...ဘာလိုချင်လို့လဲ ပါးကိုပြောလေ"
"ဟို....ဟိုလေ....ပါး ကလေးတို့ ညနေရုံဆင်းရင်လေ..ဟို..အပြင်သွားပီး မုန့်ဝယ်စားချင်လို့"
နှုတ်ခမ်းစူကာပြောလာတဲ့ ခွန်းချို ကို နှိုင်းရှိန်ဇေယျာ အသဲယားနေလေသည်။
.
.
.
"ကဲ...ဟုတ်ပါပီဗျာ.. ပါးတို့ညနေရုံးတာနဲ့ ခွန်းချိုလေး စားချင်တာ လိုက်ဝယ်ကျွေးမယ် ဟုတ်ပီးလား....အခုတော့ မျက်နှာသွားသစ်အုံး.. သွား.."

"ဟီး...ဟုတ်.. အဲ့တာကြောင့်ပါးကိုချစ်တာ...မွ"
လိုချင်တာရသွားတော့ မမှီအရပ်ကိုခြေဖျားထောက် ပါးကိုနမ်းသွားသည့်ကောင်းလေးကို နှိုင်းရှိန်ဇေယျာ ကြည့်ပီး ရင်ထဲမှာ ပန်းပွင့်တွေ ရှပ်ပြေးနေလေရဲ့။
.
.
.
.
.
"ပါး...ရေခဲမုန့်စားချင်တယ်"
ညနေရုံးဆင်းတော့ နှိုင်းရှိန်ဇေယျာ သူ့မူပိုင်လေးအား ပေးထားတဲ့ကတိအတိုင်း မုန့်လိုက်ဝယ်ကျွေးရလေသည်။

ကတိမတည်လျှင် နှိုင်းရှိန်ဇေယျာ လန့်ရသည်။
သူ့မူပိုင်လေးစိတ်ဆိုးမှာကိုမလိုလားပေ။
ကတိမတည်ခဲ့လျှင် ရစ်စရာမရှိ ကြံဖန်ရစ်တက်တဲ့ တာရာခွန်းချိုကြောင့် ရုံးဆင်းအပြန်မုန့်လိုက်ဝယ်ကျွေးခြင်းပင်။

"ကလေး........ ထမင်းစားမယ်
"ဟင့်....ပါးကလဲ ကလေး ညနေကမှ မုန့်တွေစားထားတာလေ...ဗိုက္မဆာသေးဘူး"

"ကဲ....ဟုတ်ပါပီဗျာ
ကလေးမဆာရင်လဲ မစားနဲ့တော့နော် ဟုတ်ပီလား။"

"ကလေး ၉နာရီထိုးပီ အိပ်တော့ "
"ပါးချော့သိပ်မှ အိပ်မှာ"
နှိုင်းရှိန်ဇေယျာ သူပေါ် တာရာခွန်းချို ချွဲလေလေ
အရည်ပျော်လေလေ ဖြစ်ကာ သွားများ အအေးပတ်သွားလောက်တဲ့အထိ ပြုံးဖြီးနေလေသည်။

နှလုံးသားတံခါးအတွက်သော့ကိုရှာဖွေခြင်း(Complate)Where stories live. Discover now